∞ 2

111 9 20
                                    

ဓာတ်လှေကားထဲဝင်လာတော့ အထဲမှာ  လူဝင်ထားတဲ့ ဝက်ဝံရုပ်ကြီးကိုတွေ့လိုက်ရတယ် ။ တစ်ချက်လောက်ကြည့်ပြီး အထဲဝင်လိုက်ပေမဲ့ ကျနော့်ကိုပဲ စိုက်ကြည့်နေတယ်ထင်လို့

"ဘာလဲ ဘာလို့လာစိုက်ကြည့်နေတာလဲ"

ထိုသို့မေးလိုက်တော့ အကြည့်လွှဲသွားပြီး ထောင့်စွန်းဘက်ကို ပိုပိုတိုးကပ်သွားတယ်။

*ဟာသပဲ မေးခွန်းလေးမေးမိရုံကို အဲ့လောက်ကြောက်နေတာလား

ခဏအကြာ ဓာတ်လှေကားကရပ်သွားပြီး မီးတွေပါမှိတ်ကုန်တယ်။

*ဟာကွာ စောက်ပြဿနာပဲ ဖုန်းလိုင်းကလဲမမိနဲ့ ပြင်ပြီးအောင်စောင့်ရတော့မယ်

အလုံပိတ်အခန်းဖြစ်နေတော့ ပူလောင်လာတယ် ချွေးတွေပါထွက်လာတော့ စဉ်းစားမနေတော့ဘဲ အင်္ကျီကိုချွတ်လိုက်တယ်။ ဘေးကအရုပ်ကို မအိုက်ဘူးလားဆိုပြီး ခေါင်းသွားခေါက်ပြီး မေးလိုက်တော့ ခေါင်းရမ်းပြပြီး ဘေးကိုပိုလို့တောင်‌တိုးသွားသေးတယ်

အသည်းအသန်တွေခေါင်းရမ်းပြပြီး ဘေးတိုးသွားတာများ ဓာတ်လှေကားနံရံပါ ဖောက်ထွက်တော့မယ်

ချွတ်ထားတဲ့အင်္ကျီနဲ့ ယပ်ခပ်နေပေမဲ့ ပူအိုက်နေတုန်းမလို့ ဘောင်းဘီပါချွတ်ဖို့ပြင်လိုက်တော့

"ဟာ..ဟာ ဟေ့လူ တောင်းပန်ပါတယ် အဝတ်တွေ ထပ်မချွတ်ပါတော့နဲ့!! တကယ်မြင်ရတာ အဆင်မပြေလို့ပါ" ဆိုပြီး အော်သံလေးထွက်လာတယ်

လှည့်ကြည့်လိုက်တော့ မနက်ကတွေ့လိုက်ရတဲ့ ကောက်ကွေးလေး

"Oh shit! Sorry sorry "

ဘောင်းဘီကိုဇစ်ပြန်တပ်လိုက်ပြီး တကယ့်ကို အနေရခက်နေတဲ့ ပုံစံလေးမလို့ အစောကချွတ်ထားတဲ့ အင်္ကျီပါပြန်ဝတ်ထားလိုက်တယ်။

ဘေးကိုပြန်ကြည့်မိတော့ သူလဲ အရမ်းအိုက်နေရှာမှာ အရုပ်ဝတ်စုံကြီးပါဝတ်ထားရတော့ ဆံနွယ်တွေမှာဆို ချွေးစက်လေးတွေပါ တွဲခိုလို့

"Hey ငါက Kamal မင်းကကော"

*ဟောဗျာ ပြန်လဲမဖြေဘူး

"တစ်ယောက်ယောက်ကမိတ်ဆက်ရင် ပြန်မိတ်ဆက်ရတယ်ဆိုတာမသိဘူးလား "

ချစ်သောမင်းကို တိုင်တည်၍Where stories live. Discover now