∞ 4

90 9 15
                                    

ဒေါက် ဒေါက် ( တံခါးခေါက်သံ )

"ဘယ်သူလဲကွ ဒီအချိန်--ဟင် Tyun?"

"ဟီး Hi"

"ဘာ Hi တုန်း မနက်နှစ်နာရီကြီးကို ဘာလာလုပ်တာလဲ "

"ရှူးး တိုးတိုးပြော ဘေးဖယ် "

"ဘာလုပ်မလို့လဲ"

"အခန်းထဲဝင်မလို့လေ"

"အမ်..မြန်မြန်လုပ်"

ကြောင်အမ်းအမ်းနဲ့ ဘေးဖယ်ပေးလိုက်တော့ အခန်းထဲ လှစ်ခနဲဝင်သွားတာ မြန်ချက်ကတော့ သူခိုးလုပ်လို့ရလောက်တယ်

**အာ ဟုတ်သားပဲ သူခိုးလေးပဲကို...

"ဘာကိစ္စရှိလို့လဲ"

"ဒီအချိန်ကြီး လေ့ကျင့်ခန်းလုပ်နေတာလား"

"ဘာလို့လဲ လေ့ကျင့်ခန်းမလုပ်ရဘူးလို့ သတ်မှတ်ထားလို့လား"

"မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာကို"

"ဘာလာလုပ်တာလဲလို့ သူများတွေမြင်ကုန်ဦးမယ် မင်းအဖေဆီရောက်သွားရင်မကောင်းဘူးနော်"

"အဲ့တာကြောင့် အိပ်နေကြတဲ့အချိန်ခိုးလာတာလေ ဖေဖေကလည်းပြန်မရောက်သေးပါဘူး"

"အင်းပါ  ဘာကိစ္စလဲဖြေဦး"

"ကျနော့်ပုံစံက ပုံတုံးကြီးလား"

"အင်း"

"ရုပ်ဆိုးလား"

"အင်း"

"တကယ်လား "

"အင်း "

"ဟုတ်ပါတယ် အသိအသာကြီးကို" ဆိုပြီး ငိုမဲ့မဲ့လေးပြော‌လာတော့လဲ အစောကစလိုက်မိတာ စိတ်မကောင်းဖြစ်မိသွားတယ်

"ငါကစလိုက်တာ အဲ့တာမေးဖို့ကို ဒီအချိန်ကြီး လာမေးရလားဆိုပြီး ရွဲ့ဖြေတာ"

"ဒီအချိန်ပဲလာလို့ရ‌တာလေ Hyuka က စာကြည့်တိုက်ကိုမှမလာတာ အဲ့တော့ ဒီကိုပဲအရဲစွန့်ပြီးလာခဲ့ရတာ"

အရဲစွန့်ပြီး လာခဲ့ရတာဆိုပြီး ဘေးဘီကြည့်ကာ လက်သီးလက်မောင်းတန်းပြီး ဟန်ပြနေတာက ကျနော့်အခန်းကပဲ သားရဲတွင်းကြီးကျလို့

"ဟုတ်ပါပြီ တခြားဘာရှိသေးလဲ"

"ဟီး အဲ့တာဆို ရုပ်မဆိုးဘူးပေါ့နော်"

ချစ်သောမင်းကို တိုင်တည်၍Where stories live. Discover now