∞ 14

102 6 10
                                    

"သား TaeHyun ရဲ့ အခြေအနေကပြန်ကောင်းနိုင်ဖို့က မသေချာဘူးတဲ့"

"ဟုတ်တယ် သားထွက်သွားတုန်းက နှလုံးခုန်ရပ်သွားသေးတယ်"

"ဘယ်လို အဲ့တာကို ကျုပ်ကို ဘာလို့လှမ်းမခေါ်တာလဲ ခဏလေးထားခဲ့တာကို စိတ်မချရဘူး ခင်ဗျားတို့ရဲ့ သားပဲမဟုတ်ဘူးလား ပြောနေတဲ့ပုံတွေက ပျော့ညံ့‌လိုက်တာ စိတ်ဓာတ်မာနေမှပေါ့ "

"သားကလည်း အဲ့လိုမပြောရဘူးလေကွာ"

"ဖေဖေက ဘာလာလုပ်တာလဲ"

"ဖေဖေလည်း အခြေအနေလာကြည့်တာပေါ့ကွ"

"မလိုပါဘူး အကုန်အပြင်မှာစောင့်နေ ကြည့်ချင်ရင်လဲ အပြင်ကကြည့်တော့ Tyun အခန်းထဲကို ဘယ်သူ့မှ ဝင်ခွင့်မပေးနိုင်တော့ဘူး"

"သား အဲ့လိုမလုပ်နဲ့လေကွာ သူတို့လဲ တွေ့ချင်မှာပေါ့"

"Tyun ကိုသားအနားက ထွက်သွားဖို့ တွန်းအားဖြစ်စေမဲ့လူတွေထဲက တစ်ယောက်နဲ့မှ အ‌တွေ့မခံတော့ဘူး အရင်ကတောင် နေနိုင်ကြသေးတာပဲ ကျနော်ကတော့ စိတ်ဓာတ်ပျော့ညံ့နေတဲ့သူတွေအလိုမရှိဘူး ရအောင်ကယ်မယ်ဆိုတဲ့စိတ်ပဲရှိတာမလို့ Tyun နေပြန်ကောင်းလာမှ လာတွေ့ရင် လာတွေ့လိုက်ကြပါ"

"ကျနော့်သားအစား ကျနော်ကပဲ တောင်းပန်ပါတယ်"

"ရပါတယ် သူပြောတာလဲ မမှားပါဘူး ကျွန်မတို့ကိုက ပျော့ညံ့နေမိတာပါ သားငယ်အနားမှာ သူရှိနေတာက အကောင်းဆုံးပါ ကျွန်မတို့ပြန်လိုက်ပါဦးမယ် အခုချိန်မှာ လုပ်နိုင်တာ ဆုတောင်းပေးရုံအပြင်မရှိဘူးလေ"

"ဟုတ်ကဲ့ပါ ကောင်းကောင်းသွားပါ"

အခန်းအပြင် မှန်ဘောင်ကနေပဲ ကြည့်နေမိတယ်။ ဆေးအပ်တွေထိုးထားတဲ့လက်လေးကို တယုတယလေးကိုင်ထားတာ နူးနူးညံ့ညံ့လေးဆံပင်လေးတွေသပ်တင်ကာ စကားတွေပြောနေပုံရတဲ့ သားကိုကြည့်ရင်း နောင်တတွေကော အပြစ်ရှိတဲ့စိတ်တွေပေါ်လာမိတယ်။ ထို့နောက် တခြားအရပ်က သားရဲ့အမေဖြစ်သူဆီ ဖုန်းဆက်အကြောင်းကြားလိုက်တော့တယ်။

ဖေဖေ့အမှားတွေအကုန်လုံးကို အမှန်ပြင်တော့မယ် သားအတွက်ပေါ့ မာနထားတယ်ဆိုတာအလကားပဲဆိုတာ ဖေဖေနားလည်သွားပါပြီ။ ။

ချစ်သောမင်းကို တိုင်တည်၍Where stories live. Discover now