"Tyun ပိုက်ဆံအိတ်ပြန်ပေးလိုက်တဲ့သူက-"
"Hyuka ရဲ့အဖေမလား ဒိီစာအုပ်ထဲမှာပုံပါတယ် ရှေ့နေကြီး Dave Huening နဲ့ သားဖြစ်သူ Kamal Huening တဲ့"
"ငါသူ့ကိုမုန်းတယ် Tyun ငါသူ့ကိုအရမ်းမုန်းတယ်"
"နှစ်ယောက်သား တွေ့ဆုံစကားပြောပြီး တင်းကျပ်စွာ ပွေ့ဖက်လိုက်တာနဲ့ ပြတ်နေတဲ့ကြိုးတွေ ပြန်ဆက်သွားမှာပါ
မိသားစုတွေပဲဟာ တစ်သက်လုံး ရှောင်လွှဲနေလို့မရဘူးလေ""Tyun မင်းအဖေ မင်းကို ပြန်ပြီးလက်ခံစေမဲ့နည်းလမ်းလေးများ မရှိဘူး"
"ရှိပါတယ် ဒါပေမဲ့ မဖြစ်နိုင်တဲ့နည်းလမ်းပဲ"
"ဘာလို့ မဖြစ်နိုင်ရတာလဲ"
"ဘွဲ့ရပညာတတ် ကိုယ့်ဘဝကိုယ်ဦးဆောင်ရပ်တည်နိုင်တဲ့ မိန်းကလေးနဲ့ လက်ထပ်နိုင်မယ်ဆိုရင်ပေါ့
အနည်းဆုံးတော့ ဂုဏ်ပြုချီးမြှောက်ပေးတဲ့အနေနဲ့ လက်ခံပေးလောက်မှာပါ""ဒါဆို လက်ထပ်လိုက်လေ"
"Hyuka ရယ် ဒီလိုရုပ်ဆိုးဆိုးပုံတုံးကြီးကို ဘယ်သူက လက်ထပ်ချင်မှာလဲ"
"ရုပ်ဆိုးဆိုးပုံတုံးကြီးဟုတ်လား"
"အင်းလေ"
"ငါသိပြီ ကားဆရာ Runaway ကိုမောင်းပေးပါ"
..
"Hyuka ဒီကို ဘာလာလုပ်တာလဲ
ဒီနေရာကအဆင်ပြေလို့လား""မစိုးရိမ်ပါနဲ့
Lili တောင်မှ သူလိုတာတွေကို Ben ဆီက မှာတာ""Ben က...?"
"နာမည်အကြီးဆုံး ဒီဇိုင်နာပစ္စည်းမှောင်ခိုတင်သွင်းတဲ့သူပဲ"
"မှောင်ခိုတင်သွင်းတဲ့သူဟုတ်လား ဒါဆိုပြန်ကြရအောင်"
"လာပါ မှောင်ခိုလုပ်နေပေမဲ့ သူကတကယ်တော်တဲ့ အနုပညာရှင်ပါ စတိုင်လ်ပြောင်းပေးတဲ့နေရာမှာ ဘုရင်ပဲ"
"ပြန်ရအောင်ပါ စတိုင်လ်မပြောင်းချင်တော့ဘူး"
"လာပါ Tyun ရဲ့"
"Hyuka မလုပ်နဲ့လို့ "
"Tyun ဒီမှာ ငါ့ကိုကြည့် တစ်ခါလောက်ပဲ ငါ့ကိုယုံကြည်ပေး ဟုတ်ပြီလား"
YOU ARE READING
ချစ်သောမင်းကို တိုင်တည်၍
Fanfiction🅲🅾🅼🅿🅻🅴🆃🅴🅳 ♡ "I Love you.." "I Love you more than square of Infinity..." Start date - 4. 3 .2023 End date - 12.6.2023