∞ 9

83 9 39
                                    

"Tyun!!" အိမ်ထဲ အမြန်ပြေးဝင်ကြည့်ပြီး ဧည့်ခန်း မီးဖိုခန်း အိပ်ခန်းတွေဆီရှာကြည့်တော့ မတွေ့ မိီးဖိုခန်းထဲမှာတော့ ပြန့်ကျဲနေတဲ့ ပုလင်းခွံသုံးခုနဲ့ရှုပ်ပွနေတဲ့ ပန်းကန်အကွဲတွေ
ထိုပုလင်း‌ကွဲ‌တွေဆီမှ သွေးစက်လိုမျိုးတွေ တွေ့လိုက်ရတော့ စိုးရိမ်မှုက ပေါက်ကွဲတော့မဲ့ ချိန်ကိုက်ဗုံးတစ်ခုလို.... ကြမ်းပြင်မှာ တစ်စက် တစ်စက်တွေ့တဲ့ အရာတွေနောက်လိုက်သွားမှပဲ ‌ရှာတွေ့တော့တယ်

ရေပန်းအောက် ထိုင်ရင်း ဖုန်းကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတယ် အပေါ်ယံကြည့်တာနဲ့ တင် ဒဏ်ရာကြီးကြီးမားမားမရှိလို့ တော်ပါသေးတယ် လက်ထိပ်လေးတွေမှာတော့ သွေးစို့နေတယ် ပန်းကန်အကွဲတွေကို ကောက်သိမ်းဖို့ ကြိုးစားခဲ့လို့ ဖြစ်ရမယ်။

"Tyun ရာ ဘာလို့ ဖုန်းချသွားတာလဲ"

"ပြုတ်ကျသွားပြီး ရေတွေဝင်သွားတာ အခု ဖွင့်မရတော့ဘူး"

**သုံးပုလင်းသောက်ထားတာတောင် အနည်းငယ်ပဲ မူးတဲ့ ပုံစံနဲ့ အမူးပြေသွားလို့များလား မဖြစ်နိုင်ပါဘူး

"ဒီမှာ ဘာလုပ်နေတာလဲ"

"ရင်တွေပူလာလို့ ရေပန်းအောက်မှာဆို အေးတယ်လေ အဲ့တာကြောင့် ဒီမှာ လာနေနေတာလေ"

"အအေးပတ်မှာပေါ့ အရက်သမားလေးရဲ့"

"Hyuka လဲသောက်တာပဲ ဘာလို့လူကို အရက်သမားလို့ လာခေါ်နေတာလဲ! "

**ဟော ပြန်စွာနေသေးတာ

"မဆိုင်ဘူးလေ ငါက သောက်လဲ မမူးဘူး ပြီးတော့ သောက်နေကျ "

"ဟွန်းးး မတရားလိုက်တာ"

"ဟင်?"

"Hyuka က ချောလိုက်တာ အရက်လဲသောက်နိုင်တယ် အရမ်းမိုက်တာပဲ"

"အရက်သောက်နိုင်လို့ မိုက်တာလား"

"မဟုတ်ပါဘူး ကိုယ့်ဘာကိုယ်လဲ ရပ်တည်နိုင်တယ်လေ ငါနဲ့မတူဘူး အခုချိန်ထိ မင်းမရှိရင် မဖြစ်ဘူးထင်တယ် ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လိုမှလုပ်မနေနဲ့ ငါ့နားမှာပဲ တစ်သက်လုံးနေလိုက်"

"အဲ့လိုရလား"

ချစ်သောမင်းကို တိုင်တည်၍Where stories live. Discover now