∞ 12

74 7 22
                                    

"Taehyun နေရာမှာ ဘာလို့သူမရှိရတာလဲ.."

"အော် သူမနက်ကပဲ ဆေးရုံဆင်းသွားတယ်လေ"

"ဗျာ! သူဘယ်ကိုသွားမယ်ဆိုပြီး ပြောသေးလဲ"

"အဲ့တာတော့ မပြောသွားဘူးရှင့်"

"အော် ဟုတ်ကဲ့"

....

"ကယ် ဘယ်လိုလဲ တွေ့ပြီးသွားပြီလား"

"ဟင့်အင်း မတွေ့ခဲ့ဘူး"

"မင်းပြောတော့ ဆေးရုံမှာဆို"

"ဆေးရုံက ဆင်းသွားပြီတဲ့ ဘယ်ကိုထွက်သွားတာလဲမသိဘူး"

"သူသွားလောက်မဲ့နေရာကို စဉ်းစားကြည့်ပေါ့ကွာ"

"တစ်နေရာတော့ရှိတယ်"

"ဘယ်နေရာလဲ"

"စာကြည့်တိုက်"

"အိုကေလေ သွားကြတာပေါ့ အဲ့ဒီနေရာမှာ မရှိဘူးဆိုရင်တော့ စခန်းကိုပြန်လိုက်ခဲ့တော့ သဘောတူလား"

"သဘောတူတယ်"

ရဲကားစာကြည့်တိုက်ရှေ့ရောက်တာနဲ့ လက်ထိပ်တန်းလန်းနဲ့ ပြေးထွက်သွားတော့တယ်

**အော် ဒီကောင်လေးနှယ် ဇွတ်ပါပဲ

*Tyun ရယ် စာကြည့်တိုက်မှာ ရှိလိုက်ပါဟု မျှော်လင့်ဆုတောင်းရင်းသာ စာအုပ်စင်တွေကြား လိုက်ရှာနေမိတယ် စာအုပ်တွေကြားထဲ ထိုင်နေတဲ့ Tyun ကို နောက်ဆုံးတော့ တွေ့ခဲ့ပြီ...*

တော်သေးပါရဲ့^^

"Tyun!!"

အော်သံကြောင့် မော့ကြည့်လာတဲ့ မျက်ဝန်းမှာ မျက်ရည်တွေလား ဒါမဲ့ ဘာကို စိတ်‌တိုနေတာပါလိမ့်

"Tyun ဘာဖြစ်လို့လဲ ဘယ်နားနေမကောင်းဖြစ်လို့လဲ"

"ဘာလို့မပြောခဲ့တာလဲ"

"ဟင် ??"

"ငါက မင်းရဲ့အကောင်းဆုံးရွေးချယ်မှုဆို အဲ့တာနဲ့များ ဘာလို့ တခြားတစ်ယောက်နဲ့ လက်ထပ်ခွင့်ပြုနိုင်ရတာလဲ"

"Tyunရယ် မင်းက ငါ့အတွက် အကောင်းဆုံးရွေးချယ်မှုဆိုပေမဲ့ ငါကတော့ မင်းအတွက်‌‌ရော မင်းအဖေအတွက်ပါ အကောင်းဆုံးမှ မဟုတ်တာကွာ"

ချစ်သောမင်းကို တိုင်တည်၍Where stories live. Discover now