ဘီစီ ၁၃၂ ခု၊ ဟန်မင်းဆက်ကာလ၊ ချန်အန်းမြို့တော်။
"ဘာလျှောက်တင်စရာရှိသေးလဲ..."
နဂါးဝတ်ရုံ လက်ဖျားကို ဘန်းခနဲမြည်အောင်ခါရမ်းလို့မေးလာသံက ခန်းမဆောင်ထဲ ဟိန်းခနဲထွက်ပေါ်လာတယ်။
ရှောင်းကျန့် ခေါင်းကို မသိမသာပင့်မော့ကြည့်လိုက်တဲ့အခါ နန်းမြင့်ပလ္လင်ပေါ် မိန့်မိန့်ကြီးထိုင်နေတဲ့ ဧကရာဇ် လော့ရှုန်းယွီ နဲ့ အကြည့်ချင်းဆုံပါတယ်။စူးရဲထက်ရှတဲ့အကြည့်ဟာ ရှောင်းကျန့် နဲ့ကျမှ သိသိသာ ပြေလျော့သွားသလိုနဲ့ရယ်။အမတ်တွေအားလုံး တိတ်ဆိတ်နေတာမို့ ခန်းမဆောင်ဟာ အပ်ကျသံတောင်ကြားရလောက်တဲ့အထိပါပဲ။ ရှောင်းကျန့်လည်း မျက်လုံးဝိုင်းလေးရွေ့တယ်ဆိုရုံ ဝေ့ဝဲအကဲခတ်ပြီးတာနဲ့ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ပြီး...
"ကျွန်တော်မျိုးကို လျှောက်တင်ခွင့်ပြုပါမင်းကြီး..."
"လျှောက်တင်စေ...အမတ်ရှောင်း"
ရှောင်းကျန့်က လက်ဖမိုးလေးနှစ်ဖက်ထပ်ယှက်လို့ ခါးညွှတ်အရိုအသေပေးရင်းလျှောက်တင်လိုက်တဲ့အခါ မင်းကြီးဆီက ခွင့်ပြုမိန့် ထွက်ပေါ်လာပါတယ်။ ဒီတော့မှသာ ရှောင်းကျန့်လည်း ခါးကိုပြန်မတ်လိုက်ပြီး တည်ကြည်သိမ်မွေ့တဲ့ အသံလေးနဲ့ လျှောက်တင်လိုက်တာက...
"ခုတလော ကုန်သည်တွေဆီကနေ ကောလာဟလတစ်ခုကြားရပါတယ် အရှင်မင်းကြီး...အကြောင်းကတော့ ကုန်သွယ်ခွန်နှစ်ဆ ပေးဆောင်နေကြရသတဲ့...ပိုးကုန်သည် ၊ ကြေးကုန်သည်လိုလူတွေအနေနဲ့ ပြဿနာသိပ်မရှိပေမဲ့ ဆားကုန်သည်တွေအနေနဲ့အတော်လေး အခက်တွေ့နေကြရပါတယ် အရှင်မင်းကြီး.."
"ဘယ်လို...ကုန်သွယ်ခွန်နှစ်ဆ ကောက်တယ်တဲ့လား...ကိုယ်တော်ဘယ်တုန်းကများ နှစ်ဆကောက်ဖို့ မိန့်ခဲ့ဖူးပါလိမ့် "
"သေချာပေါက် မမိန့်ဖူးပါဘူး...မင်းကြီး"
ရှောင်းကျန့်ရဲ့ လျှောက်တင်သံအဆုံးမှာ ဧကရာဇ်က မေးမြန်းလာပါတယ်။ အံ့ဩနေပုံရပြီး မျက်ခုံးတစ်ဖက်ပင့်
တက်သွားတဲ့အထိပါပဲ။ ရှောင်းကျန့် ခပ်သွက်သွက်တုံ့ပြန်လိုက်တဲ့အခါမှာတော့ ဧကရာဇ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး မေးမြန်းလာတာက...
YOU ARE READING
အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)