(17)Unicode

2.8K 305 22
                                    

A/N : ကိုယ်က ကျန့်ကောကို ဇနီး၊ မိန်းမ
စသဖြင့် အဲ့လို ခေါ်ဝေါ်သုံးနှုန်းတာမျိုးဆို လုံးဝ စန်းစန်းတင့်ပါတယ်။ကိုယ်ရေးခဲ့ဖူးတဲ့ married life fic တွေမှာတောင် ထည့်မသုံးခဲ့တာကို သတိထားမိပါလိမ့်မယ်။အခုအပိုင်းမှာတော့ အခြေအ​ေနအရ ထည့်သုံးထားရပါတယ်။
ဒါကြောင့်မို့ ကောကိုရော စာဖတ်သူလေးတွေကိုပါ အနူးအညွတ်တောင်းပန်ပါတယ်ရှင့်။

• • • • • • • • • • • • • • • • • • • • • • • • • • •


ရထားလုံးက ငြိမ့်ခနဲအရပ်မှာတော့ ကျောင်းတော်ဆီရောက်ပြီမှန်း ရှောင်းကျန့်သိလိုက်တယ်။
တစ်လမ်းလုံး မှီနွဲ့ယိမ်းခွေ့ပြီး အသားယူနေတဲ့ အမတ်ဝမ်ဆီကနေ လွတ်မြောက်ခွင့်ရပြီမို့ သက်ပြင်းကလေးခိုးချရတာပါပဲ။

"ရှောင်း"

"ဟင်"

"ဒါက မေ့ဆေးသုတ်ထားတဲ့ အပ် ...
လိုအပ်ရင် ထုတ်သုံးဖို့ "

ရထားလုံးရပ်တာနဲ့ အမတ်ဝမ်က ရှောင်းကျန့်ကို ​သေတ္တာသေးသေးလေးတစ်ခုကမ်းပေးလာတယ်။ ရှောင်းကျန့် လည်း ခပ်သွက်သွက်ယူပြီး ဖွင့်ကြည့်လိုက်တော့ အရွယ်တူ အပ် ၃ချောင်းကိုတွေ့လိုက်ရပါတယ်။ ရှောင်းကျန့် သေသေချာချာလေး စူးစမ်းနေတုန်းမှာပဲ အမတ်ဝမ်က ကြွေအိုးသေးသေးလေးတစ်လုံးလှမ်းပေးလာပြီး ..

"ဒီအိုးက မင်အိုး...သက်သေယူတဲ့အခါမျိုးမှာ မှတ်သားဖို့ လိုလိုမယ်မယ်ဖြစ်အောင် ဆောင်ထားပေါ့...ဟင် "

"အော့..."

အမတ်ဝမ်က ပြောပြောဆိုဆိုနဲ့ မင်အိုးလေးကို ရှောင်းကျန့်လက်ဖဝါးသေးသေးလေးထဲ ထည့်ပေးလာပြန်ပါတယ်။ ရှောင်းကျန့်လည်း ​ေခါင်းလုံးလုံးလေးကို ဆတ်ခနဲညိတ်ပြလိုက်တော့ အမတ်ဝမ်က ခပ်ဖွဖွပြုံးပြိီး စိုက်ကြည့်နေရာကနေ ရုတ်တရက်ဆိုသလို နဖူးပြင်​ပြေပြေဆီ နမ်းမွှေးလာပါတော့တယ်။အနမ်းနွေးနွေးနဲ့အတူ ခပ်တိုးတိုးပြောလာသေးတာက...

"မွစ်..."

"ဒါကတော့ ကိုယ့်အမှတ်အသားပေါ့..."

ကြံကြံဖန်ဖန်ပြောလာတာမို့ ရှောင်းကျန့် မျက်စောင်းကလေး လှစ်ခနဲထိုးပစ်တော့ အမတ်ဝမ်က နှုတ်ခမ်းစွန်းတစ်ဖက်လွင့်နေအောင်ပြုံးတော့တာပါပဲ။ နောက်တော့ ရှောင်းကျန့် လက်ဖျားလေးကို ဖွဖွဖျစ်ညှစ်ပြီးတာနဲ့ ရထားလုံးပေါ်က လွှားခနဲဆင်းသွားတော့တာရယ်။

အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)Where stories live. Discover now