ကွေ့ရှန်းအိမ်တော်။ မီးပုံးရဲရဲတွေချိတ်ဆွဲထားတဲ့ အိမ်တော်ဟာ ညအခါမှာတောင်ဟိန်းနေအောင် ခမ်းနားဝံ့ကြွားလို့နေတယ်။ခြူးရုပ်၊ နဂါးရုပ်တွေဆင်ယင်ထားတဲ့ အဆောင်ခန်းဟာတော့ ဆီမီးရောင်ဝါဖျော့ဖျော့လေး လင်းချင်းနေပါတယ်။ရိပေါ် အခန်းတံခါးကိုအသံမမြည်အောင်တွန်းဖွင့်လိုက်တဲ့အခါမှာတော့ သူ့အမတ်မင်းကလေးက ခုတင်ပေါ် ပုံ့ပုံ့ကလေးထိုင်နေတာတွေ့လိုက်ရတယ်။ ရိပေါ်ရောက်နေတာကို သတိမထားမိသူလေးက ကြမ်းပြင်ကိုငေးစိုက်ကြည့်နေပါရဲ့။ ဘာတွေတွေးတောနေတယ်မသိ။မျက်တောင်ရှည်
တွေကို တဖျတ်ဖျတ်ပုတ်ခတ်နေသေးတော့တာရယ်။"ရှောင်း..."
"ဟင်.."
ရိပေါ် တိုးဖွဖွခေါ်လိုက်တော့ သူ့အမတ်မင်းကလေးခမျာ လန့်ဖျပ်သွားတော့တာပါပဲ။ပခုံးဖျားသေးသေးလေးတောင် ဆတ်ခနဲ တုန်ယင်သွားတဲ့အထိ။
"အ...အမတ်ဝမ်...ဘယ်လိုလုပ်ပြီး..."
ထစ်ထစ်ငေါ့ငေါ့မေးလာသူလေးက အံ့ဩတကြီးနဲ့ပါပဲ။ မနက်ခင်းတုန်းက အိမ်တော်ကို ရွှေ့ပြောင်းပြီးတာနဲ့ အဆောင်အခန်းတွေကို သူ့အမတ်မင်းကလေးကိုယ်တိုင် ခွဲတမ်းချထားခဲ့တာရယ်။ အိမ်တော်ရဲ့ မြောက်ဘက်ဟာ ရိပေါ် အတွက်ဖြစ်ပြီး တောင်ဘက်ကတော့ သူကလေးအတွက်ပဲဖြစ်ပါသတဲ့။
ဧကရာဇ်ကိုယ်တိုင် တစ်ဖက်လှည့်နဲ့ပေါင်းစည်းပေးမှန်း ရိပေါ် ရိပ်မိပြီး
သားမို့ အမတ်မင်းကလေးအလိုကျ အသာတကြည်လက်ခံပေးလိုက်တာပါပဲ။ ညအခါမှသာ အခုလိုလှုပ်ရှားဖြစ်တာရယ်။ချစ်ရသူနဲ့တစ်အိမ်တော်ထဲ နေရတဲ့အခွင့်အရေးပဲ ဘာနဲ့များလဲနိုင်ဉီးပါ့မလဲ။သေချာပေါက် ဆေးဆရာဖူကျင့်ရဲ့ ဆေးရည်ကိုသောက်သုံးထားပြီးပြီပဲဖြစ်ပါတယ်။ရိပေါ် အမတ်မင်းကလေးကို နူးနူးညံ့ညံ့စိုက်ကြည့်ပြီးတာနဲ့ ခုတင်နားထိ တစ်လှမ်းချင်း လျှောက်လာလိုက်တယ်။ ပြန်မဖြေတဲ့အပြင် အနားထိရောက်လာတာမို့ထင်ရဲ့။ သူ့အမတ်မင်းကလေးခမျာ မျက်လုံးလေးတွေ ပြူးကျယ်ဝိုင်းစက်ကုန်တော့တာပါပဲ။ အိပ်ရာပေါ် ခေါက်လျက်သား ခြုံစောင်ကိုတောင် ယောင်ယောင်ယမ်းယမ်း လှမ်းဆွဲလိုက်သေးတာရယ်။
YOU ARE READING
အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)