Final(Unicode)

4.9K 388 41
                                    

ပညာ​ေရးရာဌာနရဲ့ စာကြည့်ဆောင်ဟာ လူသူကင်းရှင်းပြီး ဆိတ်ငြိမ်လို့နေတယ်။နေရောင်ခြည်တချို့တလေကတော့ ပြတင်းကတစ်ဆင့် တိုးလျှိုဖျန်းပက်နေပါတယ်။

"ရှောင်း..."

ရှောင်းကျန့်တစ်ယောက် မေးခွန်းစာလွှာတွေစိစစ်နေတုန်း ရင်းနှီးကျွမ်းဝင်နေပြီ
ဖြစ်တဲ့ ခေါ်သံဩရှရှကို ကြားလိုက်ရတာမို့ တမင်မသိချင်ယောင်ဆောင်လိုက်ပါတယ်။ အမတ်ဝမ်ကောင်းမှုအကြောင်းပြုပြီး ရှောင်းကျန့်မှာ အခုမှ အလုပ်ပြန်လုပ်နိုင်တာရယ်။ အိပ်ရာပေါ်နှစ်ရက်လောက်လဲနေခဲ့ရပြီး ညီလာခံတောင်မတက်နိုင်တဲ့အထိပါပဲ။အခုလည်း နာကျင်အောင့်မျက်တဲ့ဒဏ်ကြောင့် ကောင်းကောင်းမထိုင်နိုင်ဘူးရယ်။ဒါကြောင့်မို့ အခွင့်အရေးသမားကြီးအမတ်ဝမ်ကို စိတ်သေးသေးလေးဆိုးနေတာပဲဖြစ်ပါတယ်။

"ရှောင်း ကိုယ်ခေါ်နေတာ ထူးပါဦး...ဟင်"

အမတ်ဝမ်က ပြောပြောဆိုဆိုနဲ့ ရှောင်းကျန့်အနားမှာလာရပ်တယ်။ ချွဲချွဲအီအီပြော
ဖို့ကိုလည်း မေ့မနေဘူးရယ်။ ရှောင်းကျန့်ကတော့ နှုတ်ခမ်းပါးလေးကို ဖူးထော်ထားတာပါပဲ။ လုံးဝကိုမော့မကြည့်တဲ့အပြင် စာရွက်တွေကိုသာ သည်းကြီးမည်းကြီး လှန်လှောနေတဲ့အခါမှာတော့ အမတ်ဝမ်က သက်ပြင်းဖွဖွချတယ်။ နောက်တော့ စားပွဲပေါ် တင်ပလွှဲထိုင်လိုက်ပြီး ရှောင်းကျန့် မေးဖျားလေးကို ပင့်မော့လိုက်တော့တာပါပဲ။

"ရှောင်း...ကိုယ့်ကိုကြည့်ပါဦးအချစ်ရဲ့"

တိုးဖွဖွတောင်းဆိုလာတာမို့ ခေါင်းလေး
ပင့်မော့ထားရင်းကနေ အကြည့်တစ်ချက်လှစ်ခနဲပေးတော့ အမတ်ဝမ်က ဖျော့ဖျော့ပြုံးတယ်။ နောက်တော့ မေးဖျားလေးကို
ဖွဖွကလေးယမ်းခါပြီး ရယ်သံနှော့လို့ပြောလာပါတယ်။

"ကိုယ့်ရှောင်းက ကောက်တေးကလေးပဲ..ကိုယ့်ကို စကားမပြောဘဲနေနိုင်တယ်ပေါ့ ဟင်"

"ဘာလို့မနေနိုင်ရမှာလဲ..."

"ဟော...မနေနိုင်လို့သာပဲ...အခုပဲ​ပြန်ပြောနေပြီ...ကြည့်"

"အမ်"

ရှောင်းကျန့်ရဲ့ ဘောက်ဆတ်ဆတ်စကားအဆုံးမှာ အမတ်ဝမ်က ထောက်ပြလာပြီမို့ ရှက်ရိပ်ဝဲသွားရပြီရယ်။ လုံးဝစကားမ​ပြောဘဲတင်းခံမလို့ဆိုပေမဲ့ အငေါ်တူးစကားလေးတော့ ပြောမိသွားပါတယ်။ အမတ်ဝမ်က ရှောင်းကျန့်ကိုဆို အဲ့သလိုလည်း အငိုက်ဖမ်းတတ်ပါသေးရဲ့။

အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)Where stories live. Discover now