(3)Unicode

4.3K 456 42
                                    

ရှောင်းကျန့် တို့ အခု ချန်အန်းစျေးတန်း
ထဲမှာ ရောက်ရှိနေပါတယ်။ ည​ေနခင်းရောက်လာတာနဲ့အမျှ တဖြည်းဖြည်းလူစည်ကားလာပြီမို့ တိုးတိုးဝှေ့ဝှေ့ဖြစ်နေရပါတယ်။ ရှောင်းကျန့်က လူရှုပ်တဲ့နေရာတွေဆို သိပ်သဘောမတွေ့တာမို့ နှာသီးဖျားလေးတွန့်ရှုံ့ပစ်လိုက်တာပါပဲ။ စုံစမ်းထောက်လှမ်းရတာမလွယ်ကူတဲ့အကြောင်း ဧကရာဇ်ကိုသေချာပေါက်ပြောပြဖို့လည်း တေးမှတ်ထားပါတယ်။

"ဟွန့်..."

စျေးဆိုင်တန်းတွေဆီက အကြော်အလှော်နံ့အပြင် လူတွေရဲ့အနံ့အသက်ပေါင်းစုံကြောင့် ရှောင်းကျန့် ဟွန့်ခနဲ နှာမှုတ်ပစ်လိုက်တယ်။ လူက ငြီးစီစီတောင်ဖြစ်လာရပြီမို့ မျက်ခုံးတန်းလေးတွန့်ချိုးပစ်လိုက်ရင်း အနောက်ကိုခေါင်းလေးငဲ့ကြည့်လို်က်တဲ့အခါ ရင်အုပ်ကျယ်ကျယ်ကြီးက ထိကပ်လုမတတ်ရှိနေတာကို တွေ့လိုက်ရပါတော့တယ်။

"........."

ပိုးပျော့ဝတ်ရုံစိမ်းဖန့်ဖန့်အောက်ကနေတောင် ရုန်းကြွချင်နေတဲ့ ရင်အုပ်ကြွက်သားတွေက အထင်းသားနဲ့ရယ်။ တစ်ဆက်တည်းမှာပဲ ကိုယ်သင်းနံ့သင်းသင်းက နှာသီးဝဆီပျံ့လွင့်ဝင်ရောက်လာတဲ့အခါ စိတ်ကလေးတောင်ကြည်မြလတ်ဆတ်သွားတော့တာပါပဲ။ ဒီလိုကျတော့လည်း အမတ်ဝမ်က အစွမ်းထက်သားရယ်။

ရှောင်းကျန့်လည်း အတွေးနဲ့အတူ နှုတ်ခမ်းပါးလေးကွေးညွှတ်ရုံပြုံးမိသွားရသလို ဝင်သက်ကလေးကိုပါ အားအင်အပြည့်နဲ့ ပင့်ရှူရှိုက်ပစ်လိုက်ပါတယ်။ ခေါင်းလုံးလုံးလေးကို အရှေ့ဘက်ပြန်အလှည့်မှာတော့ ရုတ်တရက်ဆိုသလို ပခုံးဖျားသေးသေးလေးပေါ် ဖျတ်ခနဲရောက်ရှိလာတာက...

"ဟင်..."

လက်ဖမိုး...။ ဟုတ်ပါတယ်။ သေချာပေါက် အမတ်ဝမ်ရဲ့ လက်ဖမိုးတစ်ဖက်ပါပဲ။ ရှောင်းကျန့် ပခုံးကျဥ္းလေးတစ်ဖက်လုံး နစ်မြုပ်သွားတော့မတတ် အုပ်မိုးဆုပ်ကိုင်လာတဲ့ လက်ဖမိုးဖွေးဖွေးဟာ အပိုဆုအနေနဲ့ အနွေးဓာတ်ကလေးပါ ကူးလူးပေးနေသေးတော့တာရယ်။ ရှောင်းကျန့်လည်း မျက်လုံးလေးတွေ ဝိုင်းစက်သွားရပြီး ခြေလှမ်းလေးတုံ့ခနဲဖြစ်သွားတဲ့အခါ အမတ်ဝမ်က ရှောင်းကျန့် နားရွက်ဖျားနား တိုးကပ်လို့ တိုးဖွဖွပြောလာပါတော့တယ်။

အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)Where stories live. Discover now