(10)Unicode

3.4K 353 13
                                    


ပညာရေးရာဌာန ရဲ့ စာကြည့်ဆောင်မှာ ရိပေါ်ရောက်ရှိနေပါတယ်။ မနက်ခင်း ညီလာခံပြီးကတည်းက လှစ်ခနဲပျောက်သွားတဲ့ အမတ်မင်းကလေးကို လာရောက်ရှာဖွေဖို့ပဲဖြစ်ပါတယ်။

ရိပေါ် တံခါးဝကနေ လှမ်းကြည့်လိုက်တော့ အမတ်မင်းကလေးတစ်ယောက် အလုပ်ရှုပ်လို့နေလေရဲ့။အဆောင်တစ်ခုလုံး လူသူကင်းရှင်းနေပြီး အမတ်မင်းကလေးတစ်ယောက်တည်း စားပွဲမှာပုံ့ပုံ့ကလေးထိုင်လို့ စုတ်တံတစ်ချောင်းနဲ့ ရေးခြစ်နေတာရယ်။စာရေးနေချိန် အာရုံစူးစိုက်နေလိုက်ပုံများ နှုတ်ခမ်းပါးလေးစုချွန်နေတဲ့အထိ။

"ဒေါက်...ဒေါက်..."

"ဟင်..."

ရိပေါ် အဆောင်ထဲဒီတိုင်းဝင်မသွားဘဲ တံခါးဘောင်ကို မှီနွဲ့ရပ်လိုက်ပြီး ဖွင့်ဟထားတဲ့ တံခါးရွက်ကို လက်ဆစ်နဲ့ တဒေါက်ဒေါက်ခေါက်လိုက်ပါတယ်။ အသံ
ကြားတာနဲ့ ခေါင်းလေးပင့်မော့ကြည့်လာသူလေးက အံ့ဩသွားပုံရလေရဲ့။ အာမေဍိတ်သံတိုးတိုးလေး ထွက်ကျလာတော့တာပါပဲ။

"ကိုယ်ဝင်လာလို့ရလား..."

"ဟင်...ရ...ရပါတယ်..."

ရိပေါ် မျက်ခုံးပင့်ပြရင်း မေးလိုက်တဲ့အခါ အမတ်မင်းကလေးခမျာ ရှို့တို့ရှန်းတန်းလေးဖြစ်သွားလေရဲ့။ နောက်တော့ ရှက်ဝဲဝဲလေး ခွင့်ပြုလာပါတယ်။ ရိပေါ်လည်း အရှက်သည်းကလေးကို ခပ်ပြုံးပြုံးစိုက်ကြည့်လိုက်ပြီး အဆောင်ခန်းထဲ ​ဝင်ရောက်လိုက်ပါတော့တယ်။

အမတ်မင်းကလေးက စားပွဲခုံအမြင့်နဲ့ထိုင်နေပြီး စာရွက်စာတမ်းတွေကို ကပျာကယာသိမ်းဆည်းနေပါတယ်။ ရုတ်တရက်မို့ ပြူးပြူးပျာပျာလေးဖြစ်နေပုံက အသည်းအူယားစရာကောင်းလွန်းနေတော့တာရယ်။ ရိပေါ်လည်း စားပွဲရှေ့ထိတိုးကပ်လိုက်ပြီး လက်နှစ်ဖက်ကို စားပွဲပေါ်ထောက်လို့ ရဲရဲတင်းတင်း ငုံ့မိုးစိုက်ကြည့်လိုက်ပါတော့တယ်။

"ဟင်..."

ရုတ်တရက် လူရိပ်ကျရောက်အုပ်မိုးလာပြီး ခေါင်းလေးတချက်အပင့်မှာ ရိပေါ်မျက်နှာကို နီးနီးကပ်ကပ်မြင်လိုက်ရတာမို့ အမတ်မင်းကလေးခမျာ ယောင်နန။ ကုလားထိုင်နောက်မှီဆီ အယောင်ယောင်အမှားမှားနဲ့ မှီချလိုက်တဲ့အခါ ပုံ့ပုံ့ထွေးထွေးကလေးဖြစ်သွားတာပါပဲ။ ရိပေါ် လည်း မျက်တောင်ရှည်တွေပုတ်ခတ်နေပြီး အခက်တွေ့နေပုံရတဲ့ အရှက်သည်းကလေးကို နူးနူးညံ့ညံ့စိုက်ငေးရင်း တစ်လုံးချင်းပြောလိုက်တာက...

အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)Where stories live. Discover now