ရိပေါ် ရှောင်းအမတ်မင်းကလေးရဲ့ အိမ်တော်ရှေ့ နောက်တစ်ဖန်ရောက်ရှိလို့လာပါပြီ။ အမတ်မင်းတွေရဲ့ အိမ်တော်တွေက ပရဝုဏ်တစ်ခုတည်းမှာ သီးသန့်တည်ရှိနေကြတာဖြစ်ပြီး ရိပေါ်ရဲ့အိမ်တော်နဲ့ အမတ်မင်းကလေးအိမ်တော်က အတော်လေးတော့ အလှမ်းဝေးပါတယ်။နေ့လယ်တုန်းက ရိပေါ် ရုတ်တရက်ရောက်လာတော့ အမတ်မင်းကလေးခမျာ လန့်ဖျပ်သွားသေးတာရယ်။ဆံနွယ်ရှည်တွေ ကပိုကရိုနဲ့မို့ မြင်နေကျမဟုတ်တဲ့ ရိပေါ်အဖို့ အဆန်းတကြယ်ကလေးဖြစ်သွားတာတော့အမှန်ပါပဲ။
နှလုံးသားဟာ ကမောက်ကမနဲ့ ယိမ်းထိုးလှုပ်ယမ်းတယ်။မက်မွန်ပွင့်ဖတ်ကြွေတွေကြား အလှကြီးလှနေတဲ့ သက်ရှိပန်းချီကားကလေးကို ရိပေါ်မှာ ငေးမဝလွန်းလို့ နှုတ်ကနေတောင် ဖွင့်ဟပြောမိတဲ့အထိပါပဲ။ မက်မွန်ပွင့်ဖတ်ကြွေလေးကို တစ်ဖက်လှည့်နဲ့ ခုတုံးလုပ်ပြီးတော့ပေါ့။
"ကျွီ..."
ရိပေါ် အိမ်တော်ရှေ့ ခြေစုံရပ်လိုက်တာနဲ့ အိမ်တော်ဝန်းတံခါးဟာ ရုတ်တရုက်ပွင့်လာပြီး အမတ်မင်းကလေး ထွက်ပေါ်လာပါတော့တယ်။ ပိုးပျော့ဝတ်ရုံ ဖြူဖြူလွလွလေးနဲ့မို့ စာသင်သားကလေးနဲ့တောင်ဆင်တူနေပါတယ်။ဆံထုံးမြင့်မြင့်ကလေးကို ကျစ်နေအောင်ထုံးဖွဲ့ထားပြီး ငွေဆံထိုးကလေး ထိုးစိုက်ထားသေးတာရယ်။
အမတ်မင်းကလေးကို အပြင်ဝတ်စုံနဲ့မြင်ရတာ ရိပေါ်တော့သိပ်သဘောကျတယ်။ဘာလို့ဆို သေးသေးသွယ်သွယ် ခါးကလေးကို တိတိပပငေးခွင့်ရတာမို့။ဒါပေမဲ့ အမတ်မင်းဝတ်စုံ ဖားဖားပွပွကြီးနဲ့ဆိုရင်လည်း ကလေးပေါက်စကလေး လူကြီးအင်္ကျီကောက်စွပ်ထားသလိုမျိုးနဲ့ တစ်မျိုးတစ်ပါဒ ချစ်စရာကောင်းနေတာပါပဲ။ တကယ်တော့ သူ့အမတ်မင်းကလေးက စွယ်စုံရအလှပဂေးလေးပဲမို့။
"အမတ်ဝမ်...ရောက်နေတာကြာပြီလားဟင်..."
"ဟင့်အင်း...အခုပဲ..."
ရိပေါ်ကိုမြင်တာနဲ့ ခြေလှမ်းသွက်သွက်ကလေးလှမ်းလာပြီး မဝံ့မရဲလေးနဲ့မေးလာပုံက အသည်းအူယားစရာရယ်။ ရိပေါ်သတိထားမိသလောက်ဆို အမတ်မင်းကလေးက အမြဲလိုလိုမဝံ့မရဲနိုင်နေတတ်ပါတယ်။ ရိပေါ်ကိုဆို ကြောက်စရာပုဂ္ဂိုလ်လို့ တွေးမှတ်ထားလေသလားတော့မသိ။
YOU ARE READING
အမတ်မင်းပါ အထောက်တော်မဟုတ်ဘူး (Completed)