part - 4

154 17 3
                                    

* jisung နိုးစက်တောင်မမြည်သေးဘဲနိုးနေခဲ့သည်... အမှန်တိုင်းပြောရရင် သူအိပ်ကိုမအိပ်ရသေးပါ... ကျောင်းသွားရင် မနေ့ကဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်ဖို့ကို သူ မရဲတင်း... ကျောင်းရဲ့ပထမရက်နဲ့တင် ငါသေချင်စော်နံနေပြီ.. ဘာဖြစ်လို့များ hyung ကိုစွပ်စွဲရက်ရတာလဲ သူ့ကိုယ်သူလည်းနားမလည်... ဒါမှမဟုတ်... hyung က playboy ဖြစ်နေပြီလား... သူ့ဘာသာအတွေးလွန်ကာ အိပ်ရာမှထထိုင်မိသွားသည် *

jisung - မဟုတ်သေးဘူး... ရည်းစားရှိရင်လည်း ငါ့ကိုတော့ မထိတထိမလုပ်သင့်ဘူး... ငါ...ငါက အထင်လွဲသွားနိုင်တာက်ို... ဟူးးးး

* သက်ပြင်းချလိုက်ပြီး ပြန်လှဲချလိုက်သည်... ကျောင်းကလည်း မသွားလို့မဖြစ်တာကြောင့် ကိုယ်လက်တွေကို လေးပင်စွာလှုပ်ရှားကာပြင်ဆင်ရတော့သည်.... *

Mrs'park - omma အခုပဲ့သားကိုလာနိုးတော့မလို့... လာ လာ မနက်စာပြင်ပြီးပြီ

* omma ကိုမြင်တော့မနေ့က ကိစ်စကိုပြန်သတိရကာ မျက်နှာပူသွားရသည်... omma သူနဲ့hyung ရဲ့ပြသနာကိုမသိလောက်ဘူးမလား... jisung လည်းခုံဆွဲကာယူထိုင်လိုက်ပြီး appaကိုမတွေ့တော့ ရေခွက်ကိုယူရင်း မေးလိုက်သည် *

jisung - appa ကော

Mrs'park - ဟုတ်သား! သားappa ကအလုပ်အစည်းအဝေးရှိလို့ အစောကြီးသွားနှင့်ပြီ.. သား ကိုကျောင်းသွားဖို့ jaeminie လာခေါ်လိမ့်မယ် .. ခနနေရင်ရောက်..လောက်..

jisung - ဖူးးး!!

Mrs'park - jisungie.. အမလေး... ဘယ်လိုဖြစ်လို့ရေတွေမှုတ်ထုတ်ရတာတုန်း...

jisung - omma! ကိုယ့်ဘာသာသွားလို့ရတာကို စက်ဘီးရှိတယ်လေ

Mrs'park - သားရဲ့ appa ကစိတ်မချလို့တဲ့လေ... omma လည်းစိတ်မချပါဘူး ဒီက်ိုရောက်တာမှ ၃ရက်ပဲ့ရှိသေးတာ လမ်းလည်းသေချာမသိပဲ..

jisung - ဘယ်လောက်မှမဝေးပါဘူး omma ရယ်... လမ်းလျောက်သွားလို့တောင်ရတယ်လေ

* သူအထွန့်တက်တာကို omma ကစိတ်မရှည်ဖြစ်ကာ စားလက်စမုန့်က်ိုရပ်လိုက်ပြီး သူ့ကိုစိုက်ကြည့်လာတာကြောင့် အသာလေးခေါင်းငုံ့လိုက်ရသည်... omma ကိုချစ်လည်းချစ် ရိုလည်းရိုသေ လေးလည်းလေးစားရတာမို့ သူထပ်ပြီး
အထွန့်မတက်တော့ပေ*

Don't Touch My Junior ( completed ) Where stories live. Discover now