part - 14

106 12 8
                                    

* jiwon တစ်ယောက် မနက်အစောကြီးထပြီး ဒီနေ့ဖြစ်လာတော့မဲ့ သူ့အကြံအစည်တွေအတွက် စိတ်ရွှင်လန်းနေသလို သူငယ်ချင်းဖြစ်ခဲ့ရတဲ့ jisung ကိုလည်းပြန်တွေးမိကာ ခနတော့စိတ်မကောင်းဖြစ်လိုက်ကာ ခေါင်းပြန်ခါလိုက်ပြီး မနက်စာလုပ်ရန်ပြင်ဆင်လိုက်ချိန် *

ding dung!....

* အိမ်ရှေ့က ဘဲလ်တီးသံကြောင့် လုပ်လက်စကရပ်တန့်သွားကာအံ့သြသွား၏... သူ့အစ်ကိုကလည်းအပေါ်ကနေအလောတကြီး ဆင်းပြေးလာကာ *

jiho - ဘယ်သူလဲ

jiwon - ခနလေး သွားကြည့်လိုက်အုံးမယ်.. ကိုကိုအပေါ်တက်နေ... မြင်လို့မဖြစ်ဘူး

jiho - အေ့ပါကွာ..

jiwon - ဒီအချိန်ကြီးကို jisung တော့ မဟုတ်လောက်ပါဘူး

* တံခါးဖွင့်ကြည့်လိုက်ချိန် နံဘေးတစ်အိမ်ကျော်က သူ့ရွယ်တူတစ်ယောက်... သူ့ကိုမြင်တာနဲ့ ပြန်လှည့်မလိုလို အခုပဲ့စကားလာပြောမလိုလိုနဲ့ ဘာဖြစ်ချင်နေလဲတော့မသိပေမဲ့.. သူကတော့ မြင်ရတာမသက်သာတော့တာကြောင့် *

jiwon - ဟို... ဘာဖြစ်လို့လဲ

haechan - ဟို...အဲ့ဒါက...

jiwon - ဟုတ်

haechan - ဒီမှာ park jisung စာအုပ် တွေ့ရင်ပေးပေးပါ... အကူအညီတောင်းပါတယ်

* ပါးစပ်ကနေစက်သေနတ်ပစ်သလိုပြောကာ မျက်စိတမှိတ်အတွင်းပျောက်သွားတဲ့ ထိုလူက်ို jiwon အံ့သြခြင်းပေါင်းများစွာနဲ့သာအိမ်ထဲပြန်ဝင်လာခဲ့သည်... အပေါ်ကနေခေါင်းတစ်လုံးထွက်လာကာ *

jiho - ဘယ်သူလဲ

jiwon - တစ်အိမ်ကျော်က..

jiho - ဘာဖြစ်လို့လဲ သူက

jiwon - jisung ကိုစာအုပ်... ပြန်ပေး ခိုင်း တယ်? သူက.. ဘာလို့ဒီလိုလုပ်ရတာလဲ

* jiwon ပြောနေရင်းမှအံ့သြစွာ စကားထစ်ကုန်၏... jiho လည်းထားလိုက်ဆိုသောပုံစံနဲ့အပေါ်တက်ရင်းပြောသွားသည် *

jiho - အိမ်လာမှာပဲ့ ပေးလိုက်ပေါ့

* jisung လာမှာကိုဘာလိူ့သေချာနေလဲဆိုရင်တော့ jiwon နဲ့ပေါင်းလာတဲ့နှစ်တာမှမဟုတ်တာ... jisung ရဲ့စိတ်ထဲကိုတောင်ဖတ်ကြည့်နိုင်နေပြီဖြစ်တဲ့ jiwon ကတော့ထိုင်စောင့်နေရုံသာ...*
.
.
.

Don't Touch My Junior ( completed ) Where stories live. Discover now