part - 9

114 13 4
                                    

* jisung လျောက်ကြည့်ရင်း စိတ်ထဲမတင်မကျဖြစ်လာကာ အခန်းအပြင်ဘက်ကိုကြည့်လိုက်တော့ တံခါးပိတ်ထားတာကြောင့် တံခါးဖွင့်ရန်ပြင်လိုက်သည် *

jisung - ထူးဆန်းလိုက်တာ ငါလာတုန်းကဖွင့်ထားပါတယ်... ဟင် ဘာဖြစ်တာလဲ jiho hyung တံခါးပိတ်မိသွားတာလား

* jisung သူ့အားဖြင့် အသားကုန်တွန်းကြည့်တော့လည်း ပွင့်မလာတာကြောင့် အခန်းကိုကြည့်ကာ လန့်လာတော့သည်... ကြောက်စိတ်လေးအနည်းငယ်ဝင်လာကာ အပြင်ကိုအော်ကာအကူအညီတောင်းတော့လည်း အပြင်ကိုပြန်ကြားရမရတော့မသိပေမဲ့ မှန်ဖြင့်အလုံပိတ်ထားတဲ့စတိုခန်းမှာ သူ့အသံကအခန်းကိုပြန်ဟိန်းကာ သူတစ်ယောက်တည်းဆိုတဲ့အသိက ဒူးမခိုင်စွာထိုင်ချမိလိုက်သည်...

ထူးဆန်းတယ် တံခါးအထဲကပိတ်လို့မှမရတာ အပြင်ကပဲ့ပိတ်လို့ရတာကို တံခါးလော့ကဘာလို့ကျရမှာလဲ မဟုတ်မှလွဲရော senior ?

မဟုတ်ဘူး သူနဲ့တောင်မသိတဲ့လူတစ်ယောက်က သူ့ကိုဒီလိုလူပ်စရာလား တစ်ယောက်ယောက်ကစနောက်တာလား.. ဘာဖြစ်လို့လဲ ပထမဆုံးကျောင်းတက်ရက်မှာ မှတ်မိသလောက်ကတော့ အကုန်လုံးနဲ့ လိုက်လျောညီထွေအောင်ပေးခဲ့ပါတယ်... ချစ်စရာကောင်းတယ် အရပ်အရှည်ကြီးနဲ့မိုက်လိုက်တာ လို့​ကြားရတာက လွဲရင် ရန်ဖြစ်စရာဆို ဝေးလို့ရှာမတွေ့ခဲ့ *

jisung - ဘယ်သူလဲ ဘယ်သူနောက်တာလဲ နောက်တာဆိုရင် အခန်းပြန်ဖွင့်ပေးပါစိတ်မဆိုးဘူး တကယ်ပြောတာ... စိတ်မဆိုးဘူးလို့ hyung!!

* တံခါးကိုထုရိုက်ကာ အကူအညီတောင်းတော့လည်း ​ကျောင်းရဲ့စတိုခန်းက သီးသန့်ထားကာ အပေါ်ဆုံးမှာဖြစ်တာကြောင့် ကျောင်းရဲ့သိမ်းစရာပစ္စည်းမရှိရင် ယောင်လို့တောင် မတက်လာကြပါ... jisung အခန်းကိုတလှည့် အပြင်ကိုတလှည့်ကြည့်ရင်း အကူညီမဲ့စွာ hyung ကိုခေါ်လိုက်မိသည်... *

ring! ring! ring!.....

* ဖုန်းလာသည်ကိုပင်ကြောက်လန့်စွာ လက်တုန်တုန်ရီရီလေးနဲ့ ဖြည်းဖြည်းချင်း ဖုန်းမကျပါစေနဲ့လို့ဆုတောင်းရင်း ငိုနေမိသည်... jisung အကြောက်လွန်ကာ မျက်စိအရှေ့ကစင်တွေကိုပင် ကြည့်ရင်းခြောက်ခြားနေတာကြောင့် မျက်လုံးမှိတ်ရင်း ဖုန်းထုတ်နေရခြင်းပင်...

Don't Touch My Junior ( completed ) Where stories live. Discover now