part - 17 ( end )

179 18 10
                                    

ပြွတ်~... ဟင်း~...

* အပြင်ကအိမ်ထဲရောက်တာနဲ့ တံခါးမှာပင် အနမ်းမိုးရွာနေကြတဲ့ နှစ်ယောက်သားကြောင့် မီးပင်မဖွင့်နိုင်တော့ပေ... တဖြည်းဖြည်းအားမရလာတော့ jisung ကိုပင့်ချီကာပိုအားစိုက်လာတာကြောင့် အသက်ရှူရဖို့ခဲခက်တော့ hyung ရင်ဘတ်ကိုလက်လေးနဲ့တွန်းရတော့သည်... *

jisung - အွန့်.. hy..un..g.. ခန.... ခန..လို့

* သူအတင်းပြောမှလွတ်ပေးလာတော့ jisung အသက်ကိုလုရှူရတော့သည်....အခုကတော့ jaemin ရဲ့သူ့အပိုင်ကွန်ဒိုကိုရောက်နေကြခြင်း.. အိမ်မှာတော့တွေ့မရတော့ပါ jisungie ရဲဖေ​ကြောင့်ဆိုပါတော့... uncle စိတ်ဆိုးနေတာလက်ခံပေမဲ့ သူနဲ့မတွေ့ရဘူးဆိုတဲ့ ​တစ်ချက်လွတ်အမိန့်ကြီးကကျတော့ ပြင်းထန်လွန်းပါသည်... သူလည်း မနေနိုင်စွာ တိုက်ခန်းတစ်လုံးကို jisungie နဲ့အတူတူနေရန်ဝယ်လိုက်တော့၏ *

jaemin - ဘာဖြစ်လို့လဲ ကလေးငယ်

jisung - hyung ဟူးးး အသက်ရှူမကြပ်ဘူးလား အဲ့လောက်နမ်းနေတာ

jaemin - မကြပ်ပါဘူး ကလေးကိုနမ်းနေရတာပဲ့ အသက်ရှူတောင်ဝသေးတယ်

* ပြောရင်းနဲ့ပင် အိမ်ခန်းထဲဝင်လာကာ ကုတင်ပေါ်ချပေးပြီး jisung ကိုအမြတ်နိုးဆုံးသော အနူးညံ့ဆုံးသောအကြည့်ဖြင့်ကြည့်နေတာကို jisung အသက်လုရှူရင်းသတိထားမိတော့ *

jisung - ဘာလို့အဲ့လိုကြီးကြည့်နေတာလဲ မျက်နှာပူအောင်.. ဟွန့်!

jaemin -  ဘာလို့အဲ့လောက်ချစ်ဖို့ကောင်းအောင်လှလာရတာလဲ

* ရုတ်တရက်ကြီး ဒီအခြေအနေကြီးမှာပြောလာတော့ jisung ဘာပြောရမှန်းမသိစွာ မျက်နှာနဲ့လည်တိုင်တစ်လျောက်ကနီရဲလာတော့သည်... ဒါကိုမြင်တဲ့ jaemin တစ်ယောက်မကြည့်ပဲတောင်တွေးကြည့်လို့ရနေပြီ တကိုယ်လုံးလည်းနီရဲနေလောက်ပြီဆိုတာ....*

jisung - အဟမ်း အဟမ်း တစ်ခုကျန်ခဲ့တယ် ပိုချောလာသေးတယ်ဆိုတာ

jaemin - ဟားးဟားးး ဟုတ်တာပေါ့ ဟုတ်တာပေါ့...

* jaemin တစ်ယောက် jisung ပြောလာတဲ့ပုံစံလေးကိုအလွန်အသည်းယားသွားတာကြောင့် မျက်နှာတဝိုက်နဲ့ လည်ပင်းနဲ့ပုခုံးကြားနှစ်ဖက်ကိုနှာခေါင်းလေးဖြင့် ယားအောင်လိုက်နမ်းနေတော့သည်.. အခန်းထဲရယ်သံများကပြန့်နှံ့လျက် *

Don't Touch My Junior ( completed ) Where stories live. Discover now