part - 5

205 17 6
                                    

* jaemin ကျောင်းကနေသူ့ကားနဲ့ထွက်လာတော့
jisung လည်းဘာမှမမေးပဲလိုက်ခဲ့လိုက်သည်... jisung ဘယ်ကစကား စ ရမှန်းမသိပေ.. အခုသူအတန်းထဲကလူတွေနဲ့ရှေ့လျောက်အဆင်ပြေမှာမဟုတ်ပေ... ပြီးတော့ ဒီ​နေ့သူအတန်းမတက်ပဲအခုဘယ်ကိုသွားမှန်းမသိတဲ့ hyungရဲ့ကားပေါ်သူရောက်နေခဲ့သည်... သေချာတာတော့ အခုသွားနေတာ သူ့အိမ်တော့မဟုတ်...

ရုတ်တရက်ကားရပ်သွားတော့ jisung တုန်သွားရသည်... hyung ကိုလည်းမကြည့်ရဲတာကြောင့် အပြင်ကိုသာကြည့်တော့ ခြံတံခါးကြီးတစ်ခုသာမြင်ရသည်... jaemin  ခါးပတ်ကိုဖြုတ်ကာ jisungကိုကြည့်လိုက်တော့ သူ့ကိုကြည့်မနေတာကြောင့် လှုပ်စိလှုပ်စိဖြစ်နေတဲ့ လက်​​လေးကို ကြည့်လိုက်တော့ ကျောင်းမှာသူပေးလိုက်တဲ့နာရီကိုလက်မလေးနှစ်ဖက်ဖြင့် ပွတ်နေတာကြောင့် သူတချက်ပြုံးလိုက်မိသည်... လက်ကိုဆွဲယူလိုက်တော့လည်း ကိုယ်လေးတုန်တက်သွားကာ jisung သူ့ကိုကြည့်လာတာကြောင့် နာရီကိုယူကာ လက်မှာပတ်ပေးလိုက်သည်.. *

jaemin - hyung အခု မေးခွန်း၃ခုကိုဖြေရှင်းမယ်..
hyung ပြောပြနေတုန်း ဘာမှပြန်မမေးနဲ့ နားထောင်ပေး

* သူ့အပြောကြောင့် အာရုံစိုက်လာတဲ့ jisung ရဲ့ပုံစံကြောင့် သူမျက်လုံးကိုမှိတ်ချလိုက်ကာ အောက်နှူတ်ခမ်းကိုကိုက်မိလိုက်သည်... တစိတ် ဒီကလေးချစ်ဖို့အရမ်းမကောင်းလွန်းနေဘူးလား..*

jaemin - ပထမတစ်ချက်... hyung မှာရည်းစားမရှိဘူး.. အဲ့တာ jisung နဲ့အတူရှိကတည်းက

* သူ့ရဲ့ပထမဖြေရှင်းချက်ကိုကြားတော့ မျက်လုံးလေးပလပ်ပလပ်လုပ်ကာ မျက်အိမ်ကျယ်ကျယ်လေးနဲ့ကြည့်လာတာကြောင့် jaemin နောက်တစ်ခေါက် သူ့နှုတ်ခမ်းကိုကိုက်ရပြန်ပြီ *

jaemin - ဒုတိယတစ်ချက် jisungieကို ဘယ်တုန်းကမှ ကစားမယ် အထင်သေးမယ် ဆိုတဲ့စဥ်းစားမှုမျိုး ဘယ်တုန်းကမှမရှိခဲ့ဘူး

* ဒုတိယဖြေရှင်းချက်ကိုကြားတော့ မျက်လုံးလေးကအောက်ကိုအကြည့်ရောက်သွားကာ သူ့ကိုပြန်ကြည့်လာတော့ jaemin အကြည့်တချက်မှမလွဲကာ ဒီကလေးရဲ့အမူအရာတစ်ခုချင်းစီကို အသေးစိတ်ကြည့်နေမိသည်...ဒါက မတွေ့ရတဲ့ ဒီတစ်နှစ်အတွင်းပြောင်းလဲလာတဲ့ ကလေးရဲ့ချစ်စရာစရိုက်တစ်ခုများလား*

Don't Touch My Junior ( completed ) Where stories live. Discover now