part - 11

106 13 6
                                    


* jisung ကြည့်ပြီးရင်းပြန်ကြည့်နေမိတယ် *

jaemin - ဒီအပတ် အနားယူသွားတဲ့ ဆရာအစားဝင်မဲ့ Assistant Professor Na jaemin ပါ

* hyung ကိုမြင်တာနဲ့ အခုနကအသံတွေနဲ့ကွဲပြားစွာ အသံတွေဆူညံလာတော့သည်... *

" ကဲ... ဒီဆရာနဲ့ အဆင်ပြေမယ်ထင်တယ် ဒီလိုအသံတွေထွက်နေပုံထောက်ရင်... ဒါဆို ခွင့်ပြုပါအုံး jaemin shi "

jaemin - ဟုတ်ကဲ့ပါ

* ထိုဆရာထွက်သွားတာကိုကြည့်ပြီး ကျောင်းသားတွေကိုကြည့်တော့ အကုန်လုံးက သူ့ကိုကြည့်ကာ ပြုံးပြသူကပြုံးက တိုးတိုးပြောနေကြသူကပြောနေကြ၏.. ဒါပေမဲ့ တစ်ယောက်ထဲသောသူလေးကတော့ သူ့ကိုကြည့်မြဲကြည့်စဲမို့လို့ သူလစ်ခနဲပြုံးလိုက်တယ်... သူ့ရဲ့အကြံဆိုးကို ဒီကလေးအတော်လေးရှော့ရသွားပုံပဲ *

jaemin - ဒါဆို မနေ့ကသင်တာ ဘယ်မှာရပ်ထားလဲဆိုတာ park jisung shi... ထွက်လာပြီးပြောပြပေးမလား

* သူ့အပြောကြောင့် အကုန်လုံးရဲ့အကြည့်တွေက jisung စီကိုရောက်သွားပေမဲ့ jisung ကတော့သတိမထားမိပုံ... သူကိုယ်တိုင်က မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့မှ အသိကပ်ကာ သူ့ကို ကြည့်နေကြတဲ့အတန်းသားတွေကိုမြင်ပြီး မျက်လုံးသေးသေးလေးတွေကပြူးလာကာ *

jisung - ဗျ ဗျာ? ကျွန်တော်လား

* သူ့ကိုယ်သူလက်ညိုးပြန်ထိုးကာမေးတော့ jaemin က မျက်လုံးစုံမှိတ်ကာ ခေါင်းငြိမ့်ပြလာသည်.. jisung သူ့အရှေ့ကဖွင့်ထားလက်စစာအုပ်ကိုယူကာ ထွက်လာလိုက်တယ်... အနားရောက်တော့ သူ့ရဲ့အဝေးမှာရပ်နေတာကြောင့် jaemin ကပဲ့အနားကိုသွားလိုက်ကာ *

jaemin - ဘာလို့အဲ့လောက်ကြည့်နေတာလဲ မမြင်ဖူးတာကျလို့

jisung - ဗျာ?

jaemin - ဘယ်နားရောက်ပြီလဲ

* jisung ပြီးထားတဲ့နေရာလေးကိုပြတော့ သူ့ခေါင်းကိုပုတ်ပေးလာတာကြောင့် ကြောင်နေရပြန်ပြီ... ကျောင်းအခန်းထဲမှာဆိုတာကော ဒီ hyung သတိထားမိရဲ့လား *

jaemin - ကျေးဇူးပါ jisungie.. ပြန်သွားထိုင်လို့ရပြီ

jisung - ဟုတ်.. ဟုတ်ကဲ့

* စာဆက်သင်နေတဲ့ hyung ကစာကိုသာသင်နေပေမဲ့ သူကတော့ ဘယ်လိုမှအာရုံမစိုက်နိုင်တာကြောင့် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်၏.. အိတ်ထဲကဖုန်းကိုထုတ်ကာ hyung ကိုစာပို့လိုက်သည် *

Don't Touch My Junior ( completed ) Where stories live. Discover now