part - 6

169 13 4
                                    


* မျက်နှာလေးစူပုတ်ကာ ကျောင်းထဲဝင်လာတဲ့ jisung တစ်ယောက် ပါးစပ်ကလည်းပွစိပွစိပြောနေသေးသည်... စီနီယာမမတွေရဲ့လှည့်ကြည့်လှည့်ကြည့် လုပ်နေတာကိုလည်း သတိမထားမိ... နံဘေးကဖြတ်သွားတဲ့ လူတိုင်းရဲ့ တီးတိုးအသံကိုလည်း မကြားမိပေ...

သူအခု ဦးတည်ရာက စာကြည့်တိုက်... တစ်ပတ်တောင်မပြည့်သေးပဲ ကျောင်းကိစ္စကိုအချောင်ခိုတတ်တဲ့ကျောင်းသားလို့ အမည်တွင်မခံနိုင်ဘူး... စာကြည့်တိုက်ပေါ်ကိုသာမော့ပြီးသွားရင်း အရှေ့ကိုမမြင်မိလိုက်တာကြောင့် ပုခုံးချင်းတိုက်မိကာ တစ်ဖက်လူရဲ့ စာရွက်စာတန်းများပြုတ်ကျကုန်တော့ jisung ပြာပြာသလဲဖြင့် အရမ်းအားနာသွားကာ*

jisung - တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်... ကျွန်တော်အရှေ့ကိုမကြည့်ပဲလမ်းလျောက်မိလို့ အခုလိုဖြစ်သွားရတာ....

* ပါးစပ်ကလည်းတောင်းပန်ရင်း စာရွက်တွေကိုလည်း ကူကောက်ပေးနေမိသည်... သူ့ပုံစံကိုကြည့်ကာ ရယ်နေတဲ့အသံကြောင့် မော့ကြည့်မိတော့  အံ့သြခြင်းပေါင်းများစွာဖြင့် မျက်လုံးလေးပြူးသွားတဲ့ jisung... အကြောင်းကတော့ အထက်တန်းကျောင်း ဒုတိယနှစ်မှာကတည်းကခွဲခွာခဲ့ရတဲ့ ကိုယ်နဲ့အရမ်းခင်ရတဲ့ တစ်ယောက်တည်းသောမိန်းကလေးသူငယ်ချင်းလေး ကိုသူ့အရှေ့မှာတွေ့နေရခြင်းကြောင့်သာ*

jisung - jiwon yaa!

* jisung ရဲ့အံ့သြသံကိုနားထောင်ပြီး jiwon ရီကာ စာရွက်တွေကိုစီပြီး နှစ်ယောက်လုံးမတ်တပ်ရပ်လိုက်ကြသည်... *

jiwon - ဘာလဲ... သရဲတွေ့သလို တစ္ဆေတွေ့သလိုနဲ့ အဲ့လောက်ဘာလို့အံ့သြနေတာ...

jisung - မဟုတ်ဘူး... နင့်ကို ဒီမှာတက်မယ်လို့မထင်ထားမိလို့ပါဟ

jiwon - နင်တက်တဲ့ကျောင်းမို့လို့ ငါတက်လို့မရတော့ဘူးလား... ငါ့ဘာသာ ဘယ်မှာပဲ့တက်တက်ပေါ့

jisung - မသိဘူးလေ.. နင်ကနိုင်ငံခြားပြောင်းတော့မယ်ဆိုပြီးတော့ ဒီမှာတွေ့ရတော့ အံ့သြနေတာ...

* jisung ကိုတစ်ချက်အကဲခပ်လိုက်ပြီး မျက်နှာမဲ့ချကာ *

jiwon - ကြားထားတဲ့သတင်းနဲ့ကွက်တိဖြစ်နေတော့လည်း ယုံလိုက်တော့မယ်...

Don't Touch My Junior ( completed ) Where stories live. Discover now