ခါးထက် ခပ်လေးလေးအရာနဲ့အတူ
ပျင်းရှရှ ဝိုင်နံ့လေးကြောင့် ဒါဟာ မောင်ဆိုတာ
ထယ်ယောင်း အတတ်သိပါသည်။
မောင့် ရင်မှာ ထယ်ဆိုတာ အရေးမပါသော်ငြား
ထယ့်အတွက် မောင်က အရာရာသာ။"ယောင်း နိုးပြီးလား"
မောင်ဟာ သူနိုးနေမှန်းသိတဲ့အခါ ကြည်လင်တဲ့
အသံတို့ဖြင့် ဆိုလာခဲ့သည်။
မောင့်ဘက်ကို ခေါင်းလေး အနည်းငယ်
စောင်းငဲ့ကြည့်လိုက်ရင်း ခပ်တိုးတိုးဖြင့်"မောင်ရောက်လာပြီနော်"
"အင်း ရေသွားချိုးလှည့်အုံး ပြီးရင် မောင်တို့မှာ
လုပ်စရာတေရှိသေးတာ သိတယ်မဟုတ်လား"မောင့်စကားရဲ့ အဓိပ္ပာယ်တို့အား
ထယ်ယောင်း ကောင်းစွာ နားလည်ပါသည်။
မောင့်ရင်ကို ခိုလှုံခွင့်ရဖို့ အတွက်ရာ
သူ၏ခန္ဓာကိုယ်အား ရင်းနှီးထားရလေသည်။"အင်း"
သူ့ရဲ့အဆိုစကားတို့သည် လေးပင်နေလိမ့်မည်။
သူ့ရဲ့ မျက်ဝန်းတို့သည် နီဆွေးနေလိမ့်မည်လား။
သူ့အသံသည် ကွဲအက်နေမည်လား။"မောင့်ယောင်းငယ် မကြာစေနဲ့နော်"
"ဟုတ်"
မောင့်အား ဆိုရင်း ရေချိုးခန်းသို့
ဦးတည်ခဲ့သော ခြေအစုံမှာ လေးပင်စွာဖြင့်သာ။'ခန္ဓာကိုယ်အရင်းအနှီးတေမပါပဲ မောင်ဂရုစိုက်ပေးရင် သိပ်ကောင်းမှာပဲ နော်"
ရေပန်းမှ ရေများဟာ တစက်ချင်း တစက်ချင်း
ရေတေနဲ့အတူ သူ့မျက်ရည်တေဟာလဲ
ပါကောင်းပါသွားနိုင်ပေသည်။ရေစက်တို့အား စိုက်ကြည့်ရင်း အတွေးတို့ဟာ
လွန်ခဲ့သော လေးနှစ်ခန့်သို့...Barရဲ့ VIPအခန်းတခုကို ထယ်ယောင်း
ဦးတည်ခဲ့သည်။ နီးလာလေ သူ၏ရင်တွင်း၌လဲ
ကြောက်ရွံ့စိတ်တို့ ကြီးစိုးလာလေဖြစ်သည်။
သို့သော် ရွေးချယ်စရာရယ်လို့ မရှိနေခဲ့ဘူးလေ။
အခန်းတွင်းသို့ ခြေချမိတဲ့အခါ သူ့ရင်မှာ
မောမောဟိုက်ဟိုက်ဖြင့် အသက်ရှူရပင်ခက်လာခဲ့သည်လေ။ အသက် လေးဆယ်အရွယ်
အမျိုးသားတစ်ဦးသည် သူ့အားစောင့်နေခဲ့သည်။
နှုတ်ခမ်းပါးထက်မှ မည်သည့်စကားကို သူမဆိုမိပေ။ ပြောစကားရယ်လို့လဲ မရှိနေခဲ့ပါ။
အဝတ်တို့ တလွှာချင်းကွာသွားသည်ကို သိ၏။
သို့သော် ငြင်းဆန်နိုင်ခြင်းမရှိခဲ့ပါချေ။
YOU ARE READING
မောင်ပေးတဲ့ဒဏ်ရာ[COMPLETE]
Fanfictionမောင်ချစ်ခဲ့တာ ငါ့ရဲ့ ခန္ဓာကိုယ်ပါလား။ မောင်ဟာ ငါ့ကိုမချစ်ခဲ့ပါဘူးလေ။ မောင့်ရင်မှာ ငါမရှိလဲ ငါ့ရင်မှာ မောင်ရှိခဲ့တယ်။ WARNING!!!!