"မြေးလေးရေ ထယ်ထယ် မထသေးဘူးလား
ကျောင်းနောက်ကျတော့မယ်လေ သက္ကသိုလ်
ပထမဆုံးတတ်မဲ့ကျောင်းသားတဲ့ ဝီရီယကိုမရှိဘူး တကယ်ပါပဲကွယ်""ထပါပြိ ဖွားဖွားရယ် ထယ်အိပ်ပျော်သွားလို့ပါ"
"ညကျရင်မအိပ်ဘူး ဂိမ်းတေထိုင်ဆော့နေတာလေ မနက်ကျတော့ နောက်မကျပဲနေမလား"
"မေမေကလဲ ထယ်က rankတင်နေရလို့ပါ ဟီး"
"နင့်မလဲနော် ငါ့မြေးလေးကို ပြောဖို့ပဲ"
"မေမေ့မြေးအကြောင်းလဲ သိရက်သားနဲ့
တကယ့် မျောက်လွှဲကျော်""နင်နဲ့တူတာလေ နင့်တုန်းကလဲ ဒီလိုပဲကို"
"မေမေနော်"
"ဟားဟား"
သူတို့ရဲ့ မနက်စာဝိုင်းလေးဟာ ရယ်စရာတေပြည့်နေခဲ့တော့တယ်။ ထယ်ယောင်းလဲ မြန်မြန်စားကာ ကျောင်းသို့ ထွက်လာခဲ့တော့သည်။
လမ်းမှာ စတော်ဘယ်ရီ ဆိုင်တွေ့လို့ ငမ်းလိုက်တာ ဘယ်လောက်ကြာသွားသည်မသိ ကျောင်းတက်ဖို့ ငါးမိနစ်သာလိုတော့သည်မို့ အမြန်ပြေးရတော့သည်။ ကျောင်းထဲအဝင်ဘုန်း အ
"ကျောင်းနောက်ကျနေပါပြီ ဒီမှာ ဒီမှာ
လူတစ်ယောက်လုံးတောင် မမြင်ဘူးလားဗျ""အယ် ကိုယ်က ဒီမှာရပ်နေတာလေ မင်းလေးက
လာဝင်တိုက်တာလေကွာ""အဲ့..အဲ့တာဆိုလဲ ဆောရီးပဲဗျာ သွားပြီ"
ထယ်ယောင်း ရှက်ရှက်နဲ့ပြေးထွက်လာခဲ့သည်။
အခန်းထဲရောက်မှ နေရာတွင် ဝင်ထိုင်ကာရင်ဘတ်ကို လက်လေးနဲ့ဖိထားရင်း"ငါဘာလို့ ရင်တေခုန်နေမိတာလဲ အားး
ဒီလူကြီး ဘာလို့ အဲ့လောက်ချောတာလဲကွာ"ကျန်ခဲ့တဲ့ ဂျောင်ကုမှာတော့ ပါးလေးတေ နီရဲကာ
ထွက်ပြေးသွားတဲ့ ကောင်လေးအား ကြည့်ရင်း
ရင်ဘတ်ထဲမှာ အမည်မသိလှိုင်းတခုရိုက်ခတ်သွားခဲ့ရသည်။ ရင်တေခုန်လိုက်တာကွာ။"ဟေ့ရောင် အတန်းနောက်ကျတော့မယ်။
သွားမယ်လေ""ဟမ် အေးအေး"
အတန်းဘက်သို့ ထွက်လာခဲ့တော့သည်။
~~~~~~~~~~~~~~~
"ယောင်း မောင့်ကို ဘာလို့ မောင်လို့ခေါ်တာလဲ
တကယ်ဆို မောင်က ယောင်းထက်အသက်ကြီးတာကို"
YOU ARE READING
မောင်ပေးတဲ့ဒဏ်ရာ[COMPLETE]
Fanficမောင်ချစ်ခဲ့တာ ငါ့ရဲ့ ခန္ဓာကိုယ်ပါလား။ မောင်ဟာ ငါ့ကိုမချစ်ခဲ့ပါဘူးလေ။ မောင့်ရင်မှာ ငါမရှိလဲ ငါ့ရင်မှာ မောင်ရှိခဲ့တယ်။ WARNING!!!!