part-4

2.9K 139 14
                                    

အိပ်ပျော်နေတဲ့ ကောင်လေးမှာ အပြစ်ကင်းလှ၏
မျက်ဝန်းညိုလေးမှာ မြတ်နိုးဖွယ်ရာအတိ။
နှာတံထိတ်မှ မှဲ့နက်လေးဟာလဲ ဆွဲဆောင်မှုရှိစွာ
နှုတ်ခမ်းဖူးဖူးလေးတေနဲ့ အပြုံးချိုချိုလေးတေမှာ ချစ်ချင်စရာကောင်းလှသည်မှာ အမှန်ပင်။

"အင့်! ဟင့်!"

တလှုတ်လှုတ်ဖြစ်လာတဲ့ ကောင်လေးကြောင့်
သူ၏စိတ်တို့မှာ တင်းမာသွားရသည်။
'ဂျွန်ထယ်ယောင်းက မြတ်နိုးခြင်းတေနဲ့ မတန်တာမို့လို့ အောက်တန်းစားမို့လို့'

"နိုးရင်ထတော့ ခများကြောင့် အလုပ်တေပျက်ကုန်ပြီ တကယ်ပဲ နုကိုနုလွန်း‌တယ် ယောက်ျားရော ဟုတ်ရဲ့လား ဟမ်"

"တောင်းပန်ပါတယ်"

ခပ်တိုး‌တိုးလေး ပြန်ဆိုမိပါသည်။
မောင့်စကား‌တို့မှာ ရင်နင့်စရာကောင်းလှသည်။
မောင့်ကိုမြတ်နိုးမိပါသည်။ ချစ်မိပါသည်။
မောင့် စကားရိုင်းရိုင်းတေကိုတော့ မုန်းမိသည်။

"အားနေ တောင်းပန်ဖို့ပဲ သိတယ် ခများ ဒါအပြင်ဘာတတ်သေးလဲ စိတ်ပျတ်ဖို့ကောင်းတယ်"

မောင့်စကားအား ‌မျက်လွှာလေးချရင်းသာ
တုန့်ပြန်မိတော့သည်။ ဘာပြောရမှန်းမသိလို့ပါ။
တစ်ခဏအကြာမှာတော့ တိုးဖွစွာဖြင့်

‌"မောင် အိမ်မပြန်ဘူးမဟုတ်လားဟင်"

"ကျုပ်ကို စောက်လုပ်တေအားနေတယ် ထင်နေလား အသက် 22နှစ်နဲ့ လုပ်ငန်းကြီးတစ်ခုလုံး
ဦးစီးနေရတာ ခများလို ‌ထိုင်စားနေတာမဟုတ်ဘူး ခများသာ အားယားနေတာ"

"ဟို..ငါအချိန်ပိုင်းအလုပ်လေးပဲဖြစ်ဖြစ်..."

"မလုပ်ရဘူး!! ခများ စောက်ရစ်ထပ်ရှည်ကြည့်
ဒီနေရာမှာတင် လိုးသတ်ပြစ်မယ်"

မောင်ဟာ တကယ့်အရိုင်းအဆိုင်းလေးပါလေ။
အလုပ်တော့ ပေးမလုပ်ပါပဲနဲ့ သူ့လုပ်စာထိုင်စား
သည်ဟု စော်ကားပြောဆိုတတ်သေးသည်လေ။

'အရင်က မောင်ကလေ ငါ့ကိုသိပ်ချစ်တာ'

ထွက်သွား‌သည့် ကောင်လေးကတော့
ရင်တွင်းမှ စကားလေးတစ်ခွန်းအား ကြားနိုင်မည် မထင်ပါ။ ‌ပါးထက်က မျက်ရည်တို့အား
ဖွဖွလေး သုတ်လိုက်ရင်း နှုတ်ခမ်းတို့မှ
'မောင့်ကို ငိုရတာ 291ကြိမ် မြောက်'ဟု
တိုးတိုးလေးဆိုကာ အိပ်စက်နေပြန်သည်။
သူ၏ အိပ်မက်ထဲမှ မောင်သည် သူ့အား
သိပ်ချစ်ပေးတတ်သည် မဟုတ်လား။

မောင်ပေးတဲ့ဒဏ်ရာ[COMPLETE]Where stories live. Discover now