part-9

2.8K 94 4
                                    

ထယ်ယောင်းတစ်ယောက် အုတ်ဂူဖြူဖြူလေးရဲ့
ရှေ့မှာ ရပ်ရင်း ရင်ဘတ်ထဲမှာ ထိုးအောင့်လာရသည်။ သိပ်ချစ်ရသူ၏ ရုပ်အလောင်းအား
ဤမြေပြင်ထဲတွင် မြုပ်နှံထားလေသည်။
ချစ်ခဲ့မိလေတော့လည်း နာကျင်ရသည်။
မြတ်နိုးမိလေတော့လည်း ဆုံးရှုံးရ၏။
သိပ်ကို ချစ်ခဲ့ရပါသည် ဆိုသော အမျိုးသားသည် ကိုယ့်ကြောင့် ရူးမတတ်ဖြစ်ခဲ့ရသည်။
အတွေးတေဟာ အတိတ်တေဆီ တဝဲလည်လည်
ပြန်ရောက်သွားတဲ့အခါ မျက်ရည်တစ်စက်က
တောက်ခနဲ ဆီးကျသွားရသည်။

"မောင့်ဆီကို လိုက်လာမှာမို့လို့ စောင့်နေပါမောင်"

သူခပ်တိုးတိုးဆိုပြီးတဲ့အခါ အိပ်သို့ ဦးတည်ခဲ့၏။
ဗီဒိုထဲမှ စာအုပ်လေးအား ထုတ်ယူပြီး
စာလုံးတစ်ချို့အား ညင်သာစွာ ပုံဖော်ခဲ့သည်။

'မောင်မရှိတဲ့ဘဝမှာ ငါအဆင်ပြေမယ်ထင်လား
မောင်ကငါ့ကို စိတ်ချလက်ချထားသွားပင်မဲ့
ငါကတော့ အဲ့လို မနေနိုင်ခဲ့ဘူး မောင်
ငါအမြဲ လွမ်းနေရတယ်။အဲ့စိတ်နဲ့ငါရူးတော့မယ်။
ငါ စီးကရက်တေ သောက်တတ်လာပြီ မောင်
ငါအရက်တေလဲ သောက်တတ်လာတယ် မောင်
ငါ ဘာမှမစားဘဲနဲ့ နေတဲ့ရက်တေက အများသား
ငါလေ တနေ့ကို ဆေးလိပ် ငါးဗူးလောက် သောက်တယ်။တချက်မပြတ်ပဲ သောက်‌နေခဲ့တာ
မောင်များ စိုးရိမ်တကြီး လာတားမလားလို့ပါ။
ဒါမဲ့ မောင်က ရောက်မလာခဲ့ဘူးတဲ့လေ။
မောင် ငါ့ရဲ့ နှုတ်ခမ်းတေက ပြာနှမ်းလာတယ်။
ငါအသက်ရှူလို့ မဝတာလည်း အရမ်းပဲ။
ငါညဘက်တေလဲ မအိပ်ဖြစ်ဘူး‌ မောင်။
အိပ်လို့မရတာဆို ပိုမှန်လေမလား မောင်။
ငါ့မျက်ဝန်းတေက လေးပြီး နေရခက်တယ်။
ငါ့ရဲ့ အသည်းကလဲ မကြာခန အောင့်တတ်တယ်။ဆရာဝန်ပြောတာတော့ ငါ့မှာ အသည်းကင်ဆာဖြစ်နေပြီတဲ့လေ ငါဆေးတေလဲ မသောက်ဖြစ်ဘူးဆရာဝန်က ဆေးလိပ်တေမသောက်ဖို့ ပြောပင်မဲ့ငါဆေး‌လိပ်တေ သောက်မိနေတုန်းပဲတဲ့လေမောင့်ရဲ့ ဂရုစိုက်မှုလေးများ ပြန်ရမလားလို့ပါဒါမဲ့ မောင်က ပြန်မလာတော့ဘူးတဲ့လေ။'

အဟွတ် ဟွတ်

ချောင်းတေဆိုးလာတဲ့အခါ လက်နဲ့ပါးစပ်ကို
အမြန်အုပ်လိုက်ပင်မဲ့ သွေးစက်တချို့ကတော့
စာအုပ်လေးမှာ စွန်းထင်သွားခဲ့လေပြီ။
စာအုပ်လေးအား ထပ်မရေးမိတော့ဘဲ နေရာတွင်သာ သေချာလေး ပြန်ထားလိုက်တော့သည်။
ရေချိုးခန်းရဲ့ ရေးပန်းအောက်မှာ အချိန်ကြာကြာ
ထိုင်ငိုကြွေးနေခဲ့မိသည်။ မောင့်နဲ့အတူရိုက်ခဲ့တဲ့ပုံလေးကို ကြည့်ရင်း သူ့မျက်ရည်တေ မဆည်နိုင်ခဲ့
နောက်ဆုံးပုံလေးပါ။ ပင်လယ်မှာ တူတူ‌ရိုက်ခဲ့တဲ့
အဲ့ဒီပုံလေးအား သူအမြတ်တနိုး သိမ်းထားခဲ့သည်။ ပေါင်တံတို့ထက် ပြေးလွှားနေတဲ့ ဓားသွား
သွေးများ ချင်းချင်းနီသည်အထိ သူလှီးခဲ့သည်။
သွေးတေကို စင်ကြယ်စွာ ဆေးကြောပြီးတဲ့အခါ
အဝတ်လဲပြီး မောင့်ဆီသို့ ဦးတည်ခဲ့သည်။

မောင်ပေးတဲ့ဒဏ်ရာ[COMPLETE]Where stories live. Discover now