part-6

2.9K 138 17
                                    

"ယနေ့ လူစိတ်ဝင်စားမှုရရှိထားဆုံး သတင်းကတော့ ‌ဂျွန် group ရဲ့ ဥက္ကဌ ဂျွန်ဂျောင်ကုရဲ့
စေ့စပ်ကြောင်းလမ်းခြင်းပဲဖြစ်ပါတယ် ယနေ့
နေ့လည် ၃နာရီခန့်တွင် ဥက္ကဌဂျွန်ရဲ့ ဇနီးလောင်း
Han group ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ
Han yuriဆိုတဲ့ အမျိုးသမီးရဲ့
official Instagram account storyတွင်
'မကြာခင် ငါတို့က မိသားစုတစ်ခုဖြစ်တော့မယ်'
လို့ သူတို့ရဲ့ စုံတွဲပုံနှင့် တွဲတင်ခဲ့ပါတယ်။
မီဒီယာတေရဲ့ သွားရောက် မေးမြန်းချက်ကို
ဥက္ကဌဂျွန်က 'ဒါတေဟာ အမှန်ပါပဲ ကျနော်လဲ
မိသားစုတစ်ခုကို တည်ထောင်သင့်ပြီလေ'ဟု
ပြန်လည်ဖြေကြားခဲ့...."

ခွမ်း

'မဖြစ်နိုင်ဘူး မောင်က မောင်ကဘာလို့များ...'

ထယ်ယောင်းဘာမှမတွေးနိုင်ဝောာ့ အရာအားလုံး
ဆုံးရှုံးသွားသလိုမျိုး ဗလာနတ္ထိဖြစ်လာရသည်။
ဘာလို့လဲ ဆိုတာကိုသာ ထပ်တလဲလဲ မေးရင်း
ရင်ဘတ်ထဲမှ ထိုးအောင့်လာရသည်။
အခြေအနေအား လက်မခံနိုင်ခဲ့သည်လား။
လက်ခံဖို့မကြိုးစားမိတော့သည်လား။
အဖြေမလာတဲ့ဖုန်းအား ထပ်တလဲလဲ ခေါ်မိလို့

"မောင်.."

"ဘာလို့အဲ့လောက်ဖုန်းတေခေါ်နေတာလဲ
ခများလိုစောက်လုပ်စောက်ကိုင်မရှိတဲ့ကောင်များထင်နေတာလား ဟမ်"

"သတင်း သတင်းတေက အမှားတေမဟုတ်လား
ငါ့ကိုပြောပါမောင်"

"ခများကဘယ်လိုထင်လို့လဲ"

မောင့်အသံတို့မှာ ပကတိ အေးစပ်လျက်သာ

"မောင့်စကားကိုပဲ ငါယုံမှာ မောင်ပြောပါ
မဟုတ်ဘူးလို့ ကျေးဇူးပြုပြီး အဲ့တာတေက..."

"အမှန်တေပဲ ကျုပ်လက်ထပ်တော့မှာ"

မဟုတ်သေးဘူးလေ ဒါတေက အမှန်မဟုတ်ဘူး

"ဟလို ဟလို ဂျွန်ထယ်ယောင်း ခများကြားလား"

တစ်ဖက်မှ ကြားနေရသော အသံတို့အား
ဆက်နားထောင်ဖို့ပင် အင်အားမရှိတော့ပေ။
ဖုန်းလေးသည် မြေပြင်ထက် ကျကွဲလို့
သူ့ရဲ့ ရင်တေမှာလဲ အစိတ်စိတ် အမွှာမွှာ
အကြိမ်ကြိမ် ဆုတောင်းခဲ့ပါလျက်နဲ့ မျှော်လင့်ခဲ့သမျှအားလုံးသည် သဲထဲရေသွန်ဖြစ်ရသည်။

မောင်ပေးတဲ့ဒဏ်ရာ[COMPLETE]Where stories live. Discover now