part-7

3.2K 134 14
                                    

ဂျောင်ကု အိမ်သို့ ပြန်လာသော လမ်းမှာ
အတော်ကို လေးပင်စွာရှိနေမိသည်။
အရင်လဲ ဖြစ်နေကျပင်မဲ့ ဒီတခါအတော်လေး
ဆိုးရွားစွာခံစားနေခဲ့ရသည်။
ဂျောင်ကု အိမ်သို့ ရောက်တဲ့အခါ ရေချိုးခန်းထဲတွင် အကြာကြီးထိုင်နေခဲ့မိသည်။ သူ့ရဲ့ မျက်ရည်တေကို ရေစက်တေနဲ့ ဖုံးထားချင်ရုံပါ။
မျက်ရည်တေများစွာ စီးကျနေခဲ့သေးသည်။
ရင်ထဲမှ နာကျင်စွာ အော်ငိုနေခဲ့သည်။
သူ့အား နာကျင်စေချင်ရုံသက်သက်သာ
စေ့စပ်တော့မည်ဟု သတင်းလွှင့်ခဲ့သည်။
ကိုယ့်ချစ်သူကို တခြားသူ ရင်ခွင်ထဲမှာ မြင်ရတဲ့အခါ ဘယ်လိုခံစားရမလဲ သိစေချင်ရုံသာ။

"မောင့်ကိုလဲ ကိုယ်ချင်းစာပါအုံး ယောင်းရယ်
မောင်ပင်ပန်းလှပြီ ယောင်း ဘယ်တော့မှ နောင်တရမှာလဲကွာ ယောင်း ဘယ်တော့မှ မောင့်ကိုလက်ခံမှာလဲ ဟင့်! ယောင်းမောင့်ကို အမြဲငြင်းဆန်နေခဲ့တာတောင် အဲ့လူ အင့်! အဲ့လူရဲ့ရင်ခွင်ထဲကိုတော့ တိုးဝင်နေခဲ့တယ်တဲ့လားကွာ
မောင်ခုထိ မြင်ယောင်နေမိတုန်းပဲ မောင်သာ
အရင်လို ချစ်ပေးလိုက်ရင် ကောင်းပေးလိုက်ရင်
မောင့်ကိုထပ်ပြီး မုန်းအုံးမှာမလား အချစ်ရယ်"

ဂျောင်ကုတစ်ယောက် စကားတေကို ထပ်တလဲလဲ ဆိုရင်းနဲ့ မျက်ရည်တေကျနေခဲ့ရသည်။ အရာရာဟာ သူနာကျင်နေခဲ့ရတာ
ဘယ်သူမှသာ မမြင်ခဲ့သာ မသိခဲ့ကြတာ
သူတစ်ယောက် ငိုကြွေးခဲ့ရတဲ့ညတေများစွာ
ဘယ်သူမှ မသိခဲ့ကြဘူး ယောင်းအပါအဝင်ပေါ့။

အချိန်အတော်ကြာ ရေပန်းအောက်မှ ထိုင်နေခဲ့သည်။ ခြေထောက်တေ ထုံကျင်လာတဲ့အခါမှ
အခန်းထဲသို့ ဝင်လာခဲ့မိသည်။ အဝတ်တို့အား
လဲနိုင်ခြင်းပင်မရှိတော့ပဲ အိပ်ရာဝင်ခဲ့သည်။
သေချာတာတော့ သူ့ရဲ့ အိပ်မက်ထဲမှတခြားသူရဲ့
ရင်ခွင်ထဲမှာ အိပ်စက်နေတဲ့ ကောင်လေးကို
ငိုကြွေးရင်း တောင်းပန်နေပေလိမ့်အုံးမည်။

~~~~~~~~~~~~~~~
ဂျောင်ကုတစ်ယောက် အိပ်ရာနိုးလာတဲ့အခါ
အရင်ထက်ပိုနာကျင်နေတဲ့ နှလုံးသား တစ်စုံကြောင့် ထယ်ယောင်းဆီထွက်လာခဲ့သည်။
အိမ်သို့ရောက်တော့ အရင်လို တံခါးဖွင့်ပြီး
ဝင်လာခဲ့လိုက်သည်။ ထူးခြားစွာ တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးသည် သူ့အား နာကျင်စေ၏။
ထယ်ယောင်းရဲ့ အဝတ်တေကို မတွေ့တော့တဲ့အခါ ပို၍ပင် အောင့်တက်လာတဲ့ ရင်ဘတ်တစုံ။

မောင်ပေးတဲ့ဒဏ်ရာ[COMPLETE]Where stories live. Discover now