ဒီနေ့က ပျင်းစရာကောင်းတဲ့ သူ့မွေးနေ့။ စိတ်ကိုလွှတ်ချပစ်လိုက်ဖို့ ကြံရွယ်ခဲ့တဲ့ သူ့မွေးနေ့။ အဲဒီနေ့မှာ တစ်စုံတစ်ယောက်က အချိန်မီ ရောက်လာခဲ့တယ်။တစ်စုံတစ်ယောက်ဆိုတာ သူတိတ်တခိုး သဘောကျနေရတဲ့သူ။ တိတ်တခိုးချစ်နေရတဲ့သူ။ အဲဒီလူက အပြစ်ဖို့လာလည်း သူခံမှာပဲ။ ချစ်တာကို။ ဒါပေမဲ့ သူချစ်တာကိုတော့ အဲဒီတစ်စုံတစ်ယောက်က မသိဘူး။
သူ့ဆီကို ရောက်ရောက်လာချင်း အဲဒီမျက်ဝန်းတွေမှာ စိုးရိမ်စိတ်တွေအပြည့်ပဲ။ ဆူငေါက်ခြင်းမည်တဲ့ မေးခွန်းတွေကို တအီအီငိုရင်း သူဖြေခဲ့တယ်။ "ငါရှိတယ်လေ"တဲ့။ "မင်းဆီမှာ ဘယ်သူမှ ရှိမနေတော့ရင်တောင် ငါရှိသေးတယ်"တဲ့။ အမှန်အတိုင်းဝန်ခံရရင် ဒီစကားတွေကို နေ့ရက်တိုင်း၊ အချိန်တိုင်းမှာ ကြားချင်မိသားရယ်။
"ဘာတွေ စဉ်းစားနေတာလဲ ဒီလောက်တောင်
ခေါ်နေတာကို မကြားဘူး"တစ်ခုခုစဉ်းစားနေတုန်း ရုတ်တရက် ကိုယ်ချစ်တဲ့သူဆီက စကားသံကြားလိုက်ရရင် ဘယ်လောက်တောင် စိတ်သက်သာရာရလိုက်လဲ စဉ်းစားဖူးလား။
"မဟုတ်ပါဘူး၊ ဘာမှမစဉ်းစားဘူး ၊ ဒါနဲ့
ဟျောင်း ဘယ်လို ကျွန်တော့်ကို ရှာတွေ့သွားတာလဲဟင်"ပတ်ဆောင်ဟွန်း လမ်းလျှောက်နေရင်း ရုတ်တရက်ရပ်သွားတော့ ကျောပေါ်က ဆောနူကလည်း ရုတ်တရက်ကြောင်သွားတယ်။ သူများ စကားမှားသွားတာလားပေါ့။
"ငါ မင်းကို မရှာပါဘူး"
"ဟင်"
"မင်းက ဖုန်းမကိုင်လို့ဆိုပြီး ဂျောင်ဝန်းနီးက စိတ်ပူပြီး ငါ့ကို ဖုန်းဆက်လိုက်တာ၊ လမ်းမှာဖုန်းပြောနေရင်းပဲ ဟန်မြစ်တံတားမှာ မင်းကိုတွေ့လိုက်တာလေ၊ ရှာစရာကိုမလိုတော့တာ"
ဆောင်ဟွန်းက သူ့ကို လိမ်နေတယ်လို့ ဘာလို့များ သူထင်နေရတာလဲ။
"မလိမ်ပါနဲ့ အဲလိုတိုက်ဆိုင်တာကြီးကျ
ဟျောင်းမလိမ်နဲ့ ဟျောင်းတိုက်ခန်းဝယ်ထားတာ
ဒီနားမှာမှန်း ကျွန်တော်တို့သိတယ်အဲဒီကိုပဲ သွားရအောင်လေ၊ အိမ်မပြန်ချင်ဘူး
ဟျောင်းနေရာကိုပဲ သွားမယ်"

YOU ARE READING
ရှင်သန်ခြင်းကို အဓိပ္ပါယ်ဖွင့်တဲ့အခါ • 성선
FanficI must be the little dust that sticks to Koko's shoulder. Even though he is not easily noticed, I still secretly want to rely on him.