PROLOGUE

901 60 5
                                    

....

"သေချင်တယ်..."

ငါ့ဘဝက အဓိပ္ပါယ်မရှိဘဲ ရှေ့ဆက်နေရမဲ့အစား သေသွားတာက ပိုအဆင်ပြေလိမ့်မယ်။

လူတွေ ယာဉ်အသွားအလာတွေ စည်ကားနေတဲ့ နေ့။ အသက် ၂၀ ပြည့်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့ မွေးနေ့။ အဲဒီကောင်လေးရဲ့ အိမ်မှာ မွေးနေ့ပွဲလေး ကျင်းပနေရမဲ့နေ့။

သိပ်ပျော်ဖို့ကောင်းတဲ့နေ့လေး တစ်နေ့ရဲ့ညမှာ ကောင်လေးတစ်ယောက်ဟာ ဟန်မြစ်ထဲကို ခုန်ချပစ်လိုက်ဖို့ တံတားပေါ်မှာ ငိုယိုရင်း ရပ်နေခဲ့တယ်။

အဆုံးမဲ့တဲ့ မှောင်မိုက်မှုထဲကို ခုန်ချပစ်ဖို့ မတွန့်မဆုတ်ဖြစ်နေခဲ့တယ်။ တစ်ဖက်တစ်လှမ်းမှာ လှည့်ကြည့်ရမဲ့သူတော့ ရှိမနေပေမဲ့ပေါ့။

"ငါက တော်တော် အမှတ်မရှိလိုက်တာ၊ ဒီလောက်ထိ စာတွေကြိုးစားနေခဲ့သေးတာတောင် ငါ့အမေက ငါ့ကို တစ်ချက်လေးတောင် ဂရုမစိုက်ခဲ့ဘဲနဲ့ကို ဒီနေ့မွေးနေ့မှာ ​မျှော်နေမိသေးတယ်"

စီးကျနေဆဲ မျက်ရည်တွေကို တစ်ချက်ဆွဲသုတ်လိုက်ရင်း... တံတားအကာကိုကျော်ကာ ခုန်ချဖို့ အသင့်ပြင်ထားတဲ့နေရာမှာ ရပ်ပြီး လက်ရန်းဘောင်ကို နောက်ပြန်ကိုင်ထားရင်း အသက်ကိုခပ်ဝဝရှူရှိုက်နေခဲ့တယ်။

ရေထဲရောက်သွားတဲ့အခါ ဘယ်လောက်ထိအသက်ရှူရခက်မလဲဆိုတဲ့ ကြောက်စိတ်တွေကလည်း ဘယ်ထွက်ပြေးသွားပြီလဲ။

နံပါတ်စဉ်တွေကို တစ်ဆယ်ကနေ နောက်ပြန်ရေနေခဲ့တယ်။ ..... ခြောက်... ငါး... လေး... သုံး...

"ကင်မ်ဆောနူ!!! ရပ်လိုက်!!"

နောက်ဆုံး အဆုံးသတ်နံပါတ်အထိ ရောက်မသွားခင်မှာ... ဖြစ်ပေါ်ခဲ့တာတွေဟာ တစ်သက်လုံးစာ စွဲထင်ရမဲ့ ပြကွက်တွေဖြစ်လာခဲ့တယ်။

လက်ကို လှမ်းကိုင်လိုက်တာတွေ၊ အနောက်ကနေ လှမ်းဖက်လိုက်တာတွေ၊ စိုးရိမ်ပူပန်နေခဲ့တဲ့ မျက်နှာထားတွေ၊ စကားသံတွေ၊ ဒေါသနဲ့ စိုးရိမ် ထိတ်လန့်မှုတွေ။

"ဆောင်.. ဆောင်ဟွန်းနီးဟျောင်း.....?"
.
.
.
.
.

....

"ေသခ်င္တယ္..."

ငါ့ဘဝက အဓိပၸါယ္မ႐ွိဘဲ ေ႐ွ႕ဆက္ေနရမဲ့အစား ေသသြားတာက ပိုအဆင္ေျပလိမ့္မယ္။

လူေတြ ယာဥ္အသြားအလာေတြ စည္ကားေနတဲ့ ေန႔၊ အသက္ ၂၀ ျပည့္သြားတ့ဲ ေကာင္ေလးတစ္ေယာက္ရဲ႕ ေမြးေန႔၊ အဲ့ဒီေကာင္ေလးရဲ႕ အိမ္မွာ ေမြးေန႔ပြဲေလး က်င္းပမဲ့ေန႔။

သိပ္ေပ်ာ္ဖို႔ေကာင္းတဲ့ေန႔ေလး တစ္ေန႔ရဲ႕ညမွာ ေကာင္ေလးတစ္ေယာက္ဟာ ဟန္ျမစ္ထဲကို ခုန္ခ်ပစ္လိုက္ဖို႔ တံတားေပၚမွာ ငိုယိုရင္း ရပ္ေနခဲ့တယ္။

အဆံုးမဲ့တဲ့ ေမွာင္မိုက္မႈထဲကို ခုန္ခ်ပစ္ဖို႔ မတြန္႔မဆုတ္ျဖစ္ေနခဲ့တယ္။ တစ္ဖက္တစ္လွမ္းမွာ လွည့္ၾကည့္ရမဲ့သူေတာ့ ႐ွိမေနေပမဲ့ေပါ့။

"ငါက ေတာ္ေတာ္ အမွတ္မ႐ွိတာပဲ၊ ငါ ဒီေလာက္ထိ စာႀကိဳးစားေနခဲ့ေပမဲ့ ငါ့အေမက ငါ့ကို ဂ႐ုေတာင္မစိုက္ဘူးတဲ့၊ ငါ့ေမြးေန႔ေလးမွာေတာင္ ညစာစားဖို႔ မလာေပးခဲ့ဘူးပဲ"

စီးက်ေနဆဲ မ်က္ရည္ေတြကို တစ္ခ်က္ဆြဲသုတ္လိုက္ရင္း... တံတားအကာကိုေက်ာ္ကာ ခုန္ခ်ဖို႔ အသင့္ျပင္ထားတဲ့ေနရာမွာ ရပ္ၿပီး လက္ရန္းေဘာင္ကို ေနာက္ျပန္ကိုင္ထားရင္း အသက္ကိုခပ္ဝဝ႐ွဴ႐ိႈက္ေနခဲ့တယ္။

နံပါတ္စဥ္ေတြကို တစ္ဆယ္ကေန ေနာက္ျပန္ေရေနခဲ့တယ္။ ..... ေျခာက္... ငါး... ေလး... သံုး... ႏွစ္..-

"ကင္မ္ေဆာႏူ!!! ရပ္လိုက္!!"

ေနာက္ဆံုး အဆံုးသတ္နံပါတ္ကို ေရာက္မသြားခင္မွာ... ျဖစ္ေပၚခဲ့တာေတြဟာ တစ္သက္လံုးစာ စြဲထင္ရမဲ့ ျပကြက္ေတြျဖစ္လာခဲ့တယ္။

လက္ကို လွမ္းကိုင္လိုက္တာေတြ၊ အေနာက္ကေန လွမ္းဖက္လိုက္တာေတြ၊ စိုးရိမ္ပူပန္ေနခဲ့တဲ့ မ်က္ႏွာထားေတြ၊ စကားသံေတြ၊ ေဒါသနဲ႔ စိုးရိမ္ ထိတ္လန္႔မႈေတြ။

"ေဆာင္.. ​ေဆာင္ဟြန္းနီးေဟ်ာင္း.....?"
.
.
.
.
.

ရှင်သန်ခြင်းကို အဓိပ္ပါယ်ဖွင့်တဲ့အခါWhere stories live. Discover now