Chapter 204

15 3 0
                                    

Zawgyi

အခန်း(၂၀၄) လေနတ်သမီးရဲ့ ကာကွယ်ပေးခြင်း

လီရွှမ်၏ မျက်လုံးများသည် လက်ဆွဲကို မြင်လိုက်သည့်အခါ လင်းလက်သွားသည်။ သူ မတတ်နိုင်တော့ဘဲ အော်ဟစ်လိုက်မိ၏။

"ဒါကြီးက လေနတ်သမီးရဲ့ ကာကွယ်ပေးခြင်းလား?"

"ဒါဘာလဲဆိုတာ မင်းသိလား?"

ကျိုးဝမ် သည် လည်ဆွဲကို မြှောက်လိုက်ပြီး မေးလိုက်သည်။

"ငါကြားဖူးတာက ထူးခြားတဲ့ ရတနာပစ္စည်းများက ချိတ်ဆက်မှုနယ်မြေ အချို့မှာ ရှိကြတယ်၊ အဲဒီရတနာပစ္စည်းတွေက မှော်အစွမ်း ကို ပိုင်ဆိုင်ကြတယ်၊ လေနတ်သမီးရဲ့ ကာကွယ်ပေးခြင်း ဟာလည်း အဲဒီထဲက တစ်ခုပဲ၊ ရိုးရာသမိုင်းပုံပြင်တွေထဲမှာတော့ ဒီမှော်ဆန်တဲ့လည်ဆွဲက လေရဲ့စွမ်းအားကို ပိုင်ဆိုင်တယ်၊ အဲဒါကို ဝတ်ထားလိုက်ရင် လေစွမ်းအင်အမျိုးမျိုးရဲ့ တိုက်ခိုက်မှုကြောင့် ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေကို ကာကွယ်ပေးနိုင်တယ်၊
ဒါပေမယ့်လည်း ငါသိထားတာအရဆိုရင် ဒီ လေနတ်သမီးရဲ့ ကာကွယ်ပေးခြင်းကို ပိုင်ဆိုင်တာက ကွာမာမိသားစုပါ၊ နောက်ပြီး အဲဒီပစ္စည်းက ပြိုင်ဘက်ကင်းတယ်၊ ဒါကြောင့် ဒီလည်ဆွဲက အစစ်လား၊ အတုလားဆိုတာ ငါလည်း မသိဘူး"

လီရွှမ် သိထားသမျှ ရှင်းပြလိုက်သည်။

"အစစ်ဖြစ်ဖြစ်၊ အတုဖြစ်ဖြစ် ကိစ္စမရှိဘူး"

ကျိုးဝမ် သည် အိတ်ကပ်အတွင်းသို့ ထိုးသိပ်ထည့်လိုက်သည်။ လည်ဆွဲသည် သူ၏ ကြီးမားသောယင်လေပြင်းကို ကာကွယ်နိုင်မှတော့ သူသည် အခြားသူများ ပိုင်ဆိုင်ထားမည်ကို မလိုချင်သည်မှာ သဘာဝကျလှသည်။

ဂျွန်သည် မြင်ကွင်းကို ကြည့်ပြီး ဒေါသထွက်လွန်းသဖြင့် သွေးထပ်အန်တော့သည်။

လည်ဆွဲမှာ အမှန်တကယ်ကို လေနတ်သမီးရဲ့ ကာကွယ်ပေးခြင်း ဖြစ်သည်။ ကျိုးဝမ် ၏ ငှက်ပျောသီးယပ်တောင်ကို တန်ပြန်နိုင်ရန် ကိပ်မိသားစု၏ ပါလီမန် အဖွဲ့ဝင်တစ်ဦးမှ ကွာမာမိသားစုထံသို့ ကြီးမားသည့် တန်ဖိုးပေးပြီး ငှားရမ်းလာခြင်း ဖြစ်သည်။

[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now