Chapter 227

11 2 0
                                    

Zawgyi

အခန်း(၂၂၇) ကံဆိုးမ ယောင်္ကျား

အမှန်တရားနားထောင်သူသည် ရွှေရောင်အလင်းတန်း အသွင် ပြောင်းလဲသွားပြီး သရဲသတို့သမီးရှေ့တွင် ချက်ချင်းပေါ်လာခဲ့၏။ သရဲသတို့သမီး၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွားသည့် ရလဒ်ကို ဖြစ်ပေါ်စေသည်။ တော်ဝင်သူရဲကောင်းအဆင့် အန်ရှန့် နှင့် ရင်ဆိုင်ရသည်ကိုပင် သရဲသတို့သမီးသည် ကြောက်ရွံ့မှု တစ်စုံတစ်ရာ မပြသခဲ့သော်လည်း ယခုအခါတွင် သူမသည် လှည့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့သည်။

သို့သော်လည်း အမှန်တရား နားထောင်သူသည် သူမအား အလွတ်မပေးမည်မှာ သိသာနေသည်။ သူမနောက်ကျောကို လက်သည်းဖြင့် ကုတ်ခြစ်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ရွှေရောင်စည်းတံဆိပ် တစ်ခုဟု ထင်ရသည့် အရာတစ်ခုသည် ပေါ်ပေါက်လာသည်။

မည်မျှပင် သူမ ပြေးနေပါစေ သူမခန္ဓာကိုယ်သည် ရွှေရောင် အလင်းတန်းများဖြင့် တောက်ပနေသည်။ မကြာခင်မှာပင် သူမ၏ ဝိညာဉ်သည် ရွှေရောင်အလင်းတန်းများ ကြားတွင် ပျောက်ကွယ်သွားပြီး အနီရောင်အမြုတေတစ်ခု ကျဆင်းလာခဲ့သည်။

အမှန်တရားနားထောင်သူ၏ လက်သည်းသေးသေးလေးဖြင့် အနီရောင်အမြုတေကို ဖမ်းကိုင်လိုက်ပြီး ကျိုးဝမ်၏ လက်ဖဝါး အတွင်းသို့ ဝှစ်ခနဲ မြည်သံနှင့်အတူ ပြန်ခုန်တက်လိုက်သည်။ အနီရောင်အမြုတေကို ကျိုးဝမ် လက်ထဲတွင် ချထားလိုက်သည်။

လီရွှမ်သည် ကျိုးဝမ် လက်ထဲမှ ရွှေရောင်အမွှေများနှင့် မျောက်နှင့်ဆင်တူသည့် အမှန်တရားနားထောင်သူကို မျက်လုံးပြူးကြီးဖြင့် ကြည့်နေလိုက်သည်။ သူသည် အံ့အားသင့်စွာ မေးလိုက်သည်။

"အဘိုးကြီး ကျိုး.. အဲဒါ ဘယ်လိုတွဲဖက်သားရဲမျိုးလဲ? ဘာလို့ ဒီလောက် အရမ်းလန်းနေတာလဲ?"

အန်ရှန့် သည်လည်း အမှန်တရားနားထောင်သူကို အံ့အားသင့်ပြီး အကဲခတ်နေကာ စူးစမ်းချင်နေသည်မှာ သိသာလှသည်။

"သူရဲကောင်းအဆင့် တွဲဖက်သားရဲတစ်ကောင်ပါ… ဒါပေမယ့် သူ့မှာက ဗုဒ္ဓဘာသာဂုဏ်တော်တွေ ပါတယ်.. ဒါကြောင့် ဝိညာဉ်တွေကို နှိမ်နင်းရာမှာ ထိရောက်မှုရှိနေတယ်… အဲဒီအကြောင်းအရင်းကြောင့် သရဲသတို့သမီးကို အလွယ်တကူ သတ်လို့ရတာ ဖြစ်နိုင်လောက်တယ်"

[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Where stories live. Discover now