Chapter 220

12 2 0
                                    

Zawgyi

အခန်း(၂၂၀) ဂိမ်းတစ်ခုကဲ့သို့ တိုက်ပွဲဝင်သူ

‌ကျိုးဝမ်  ခုနှစ်ဆင့်ပြောင်းလဲခြင်း လက်ဝါးသိုင်း ၏ ကိုယ်ဟန် ခုနှစ်ခုကို တစ်ခုပြီးတစ်ခု အသုံးပြုလိုက်သည်။ ၎င်းတို့သည် ဆက်စပ်ခြင်းမရှိဘဲ လုံးဝကွဲပြားသည့် ပုံစံများ ဖြစ်နေသည်။ ကျိုးဝမ်၏ အဆက်မပြတ်အသုံးပြုမှုသည် ပြိုင်ဘက်အား ပုံစံကို လိုက်ပြီးပြင်ဆင်ရန် ခက်ခဲအောင် ပြုလုပ်ပေးနေသည်။

သို့သော်လည်း လန့်စ် ကို ကြည့်ရသည်မှာ ဘာမှ မခံစားရသည့်အတိုင်း ပြုမူနေသည်။ သူသည် ကျိုးဝမ်၏ တိုက်ခိုက်မှု ခုနှစ်ချက် လုံးအား တားဆီးကာ တန်ပြန်ရိုက်ထုတ် နေခဲ့သည်။

ထို့ပြင် ပထမဆုံး လက်ဝါးရိုက်ချက်မှလွဲပြီး ကျန်သည့် ခုနှစ်ဆင့်ပြောင်းလဲခြင်း လက်ဝါးတွင် ပျက်သုဉ်းခြင်းလက်ဝါး စွမ်းအားများသည် လျှို့ဝှက်ပြီး ပါဝင်နေသည်။ လက်ဝါးရိုက်ချက်များသည် လန့်စ် အား ထိခိုက်ဒဏ်ရာရအောင်ပင် မတတ်နိုင်ဘဲ ရှိနေသည်။

နူးညံ့ပြီး ဖျောက်ကွယ်ထားသည့် စွမ်းအားများသည် လန့်စ် ၏ လက်ဝါးအား ထိလိုက်မိသောအခါ ပျောက်ကွယ်သွားသဖြင့် ခန္ဓာကိုယ်အတွင်း မဝင်ရောက်နိုင်ဘဲ ဖြစ်သွားသည်။

ခုနှစ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင် ကျိုးဝမ် သည် ချက်ချင်း သူ့လက်ကို ရုတ်လိုက်ပြီး လန့်စ်ကို ပြောလိုက်သည်။

"ငါက ဒီလက်ဝါးတိုက်ချက် ခုနှစ်ချက်ပဲသိတာ… ခုနှစ်ချက်လုံးကို မင်းက တားဆီးနိုင်မှတော့ ငါရှုံးတာကို ဝန်ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး"

"မင်းက ရှုံးနိမ့်မှုကို ဝန်ခံတာက ကောင်းပါတယ်.. ဒါပေမယ့် မင်းက ငါကျေနပ်အောင်တော့ အရင်ပြိုင်ရမယ်"

လန့်စ် သည် ကျိုးဝမ် ပြောသည်ကို ဂရုမစိုက်ဘဲ ရှေ့သို့ချီတက်ကာ လေပြင်းအလင်းလက်သီး တစ်ချက်ကို ထိုးလွှတ်လိုက်သည်။

လေပြင်းလျှပ်စီးလက်သီးမှာ  လန့်စ်နေထိုင်သည့် နယ်မြေတွင် အသုံးများသည့် လက်သီးသိုင်းအမျိုးအစား ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှုတစ်ခု ဖြစ်သည်။ လက်သီးချက်တွင် လေပြင်းနှင့် လျှပ်စီးစွမ်းအားများ ပါဝင်သည်။ ရန်သူကို ချေမှုန်းရန်အတွက်  ရက်စက်ကြမ်းကြုတ်သော ခွန်အားကို အသုံးပြုထားသောကြောင့် အားကောင်းသည့် နည်းစနစ်များ လိုအပ်ခြင်းမရှိပါ။

[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Tempat cerita menjadi hidup. Temukan sekarang