Chapter 207

12 3 0
                                    

Zawgyi

အခန်း(၂၀၇) ဘုရားကျောင်း အရှေ့မှ တိုက်ပွဲ

ကျိုးဝမ် နှင့် လီရွှမ် သည် နေနတ်ဘုရားကျောင်းသို့ ရောက်လာကြသည်။ ဘုရားကျောင်းရှေ့သို့ ရောက်လာကြသည့်အခါ သူတို့သည် လူတစ်ယောက်မှ မရှိသည်ကို မြင်လိုက်ရသဖြင့် တော်တော် အံ့အားသင့်သွားသည်။

ထို့ပြင် ဘုရားကျောင်း အဓိကတံခါးမကြီး မှာလည်း ဖွင့်ထားသဖြင့် မည်သူမျှ စမ်းသပ်ဖြေနေခြင်း မရှိသည်ကို သက်သေပြနေသည်။

"ဒါကထူးဆန်းတာပဲ၊ နေနတ်ဘုရားကျောင်းက သိပ်မထင်ရှားဘူးလား? ဘာကြောင့် လူတစ်ယောက်မှ စမ်းသပ်ချက်ကို ဝင်မဖြေ ကြတာလဲ?"

လီရွှမ် သည် ပတ်လည်ကို ကြည့်လိုက်ပြီး စဉ်းစားရခက်နေ၏။ အမှန်တကယ်ပင် တစ်ယောက်မှ မရှိပါ။

"ငါတို့က အခြားလူတွေနဲ့ နှောင့်ယှက်ခံနေရလို့ လာတာ တော်တော်နောက်ကျသွားတာပဲ၊ ဒီနေရာကို လာခဲ့ကြတဲ့သူက စမ်းသပ်ချက် ဖြေပြီးသွားလို့ ထွက်ခွာသွားကြတာ ဖြစ်ကောင်းဖြစ်နိုင်တယ်"

ကျိုးဝမ် သည် နေနတ်ဘုရားကျောင်း အတွင်းပိုင်းသို့ ဦးတည်သွားပြီး ကြိုးစားကြည့်ရန် ရည်ရွယ်လိုက်သည်။

နေနတ်ဘုရားကျောင်း သည် အထူးခန္ဓာကိုယ်အတွက် အမှန်တကယ် ခြွင်းချက်ဖြစ်ကြောင်းကို သိချင်မိသည်။

ကျိုးဝမ် ဘုရားကျောင်းအတွင်း ဝင်သွားပြီးနောက် တံခါးမကြီးသည် အလိုအလျောက် ပိတ်သွားသည်။ လီရွှမ် သည် ဘုရားကျောင်း ရှေ့ရှိ ကျောက်တုံးလှေကားထစ် ပေါ်တွင် ထိုင်ပြီး စောင့်နေလိုက်တော့သည်။

သို့သော် သူထိုင်မိရုံလေးတွင် အုပ်စုတစ်စု လျှောက်လာသည်ကို မြင်လိုက်သည်။ လီရွှမ် တစ်ချက် စိုက်ကြည့်လိုက်သည်နှင့် သူ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏ ပေါ့ပျက်ပျက်နိုင်သည့် အသွင်အပြင်သည် ချက်ချင်းပျောက်ကွယ်သွားပြီး မျက်နှာအမူအရာမှာ လေးနက်တည်ကြည် သွားသည်။

ချဉ်းကပ်လာသည့် လူများအားလုံးမှာ သူရဲကောင်းခြောက်ယောက် မိသားစု၏ အဖွဲ့ဝင်များ ဖြစ်ကြ၏။ ထို့ကြောင့် အကြောင်းတိုက်ဆိုင်ပြီး အတူတကွလာကြခြင်း မဟုတ်သည်မှာ သိသာနေသည်။

[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]Donde viven las historias. Descúbrelo ahora