Zawgyi
အခန်း(၂၁၉) လန့်စ် နှင့် တိုက်ခိုက်ခြင်း
"လင်းလေး" တွဲဖက်သားရဲတိုက်ခိုက်ရေး ပြိုင်ကွင်း ကို အန်ရှန့် သည် ပြိုင်ပွဲအတွက် ရွေးချယ်လိုက်သည်။
မိသားစုခြောက်ခု၏ ငယ်ရွယ်သည့် မျိုးဆက်အများအပြား သည် ပြိုင်ပွဲကွင်းပြင်သို့ လာရောက်ခဲ့ကြသည်။ အများစုမှာ အသက် နှစ်ဆယ် နှင့် သုံးဆယ်ကြားများ ဖြစ်ကြသည်။
အတိတ်တုန်းက အဆိုပါမျိုးဆက်သည် အန်ထျန်းကျို၏ ဖိနှိပ်ဖျက်ဆီးမှုကို ခံခဲ့ရသည်။ ယခုအချိန်တွင် နောက်ထပ် ကျိုးဝမ် ပေါ်ပေါက်လာပြီး မိသားစုခြောက်ခု အဖွဲ့ဝင် အယောက်သုံးဆယ်ကျော် အား မသန်မစွမ်းဖြစ်အောင် ပြုလုပ်ခဲ့ပြန်သည်။ ထိုအရာသည် ၎င်းတို့အား သေချောပေါက် အရှက်ခွဲနေခြင်း ဖြစ်သည်။
ရှားပင်း သည် နားနေခန်းတွင်း ထိုင်နေသည့် လန့်စ် အား စိုက်ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောကြားလိုက်သည်။
"ကျေးဇူးတင်ဖို့ ကောင်းတာက မိသားစုခြောက်ခုရဲ့ လက်ရှိမျိုးဆက်မှာ လန့်စ် လိုလူကို မွေးထုတ်ပေးနိုင်တာပဲ… မဟုတ်ရင် ငါတို့ဒေါသတွေကို ကိုယ့်ဘာသာပြန်ပြီး မျိုချထိန်းချုပ်နေရမှာ"
သူမသည် အမြဲတမ်း အလိုရှိသည်မှာ လန့်စ် ကို အမှီလိုက်နိုင်ရန် (သို့မဟုတ်) ကျော်ဖြတ်နိုင်ရန် ဖြစ်သည်။ သို့သော် ဘယ်လိုပင် ကြိုးစားခဲ့ပါစေ လန့်စ် နှင့် သူမကြားမှ ကွာခြားမှုသည် တဖြည်းဖြည်း ပိုပိုကြီးထွားလာခဲ့သည်။ သူမသည် လန့်စ် နောက်ကျောကိုပင် မမြင်နိုင်လောက်သည် အထိ ဖြစ်လာသည်။
လန့်စ် သည် သူရဲကောင်းတစ်ယောက်၏ အထူးခန္ဓာကိုယ်ကို အမွေဆက်ခံနိုင်ခြင်း မရှိသလို မိသားစု၏ ရှေးဦးမူလစွမ်းအား ကျင့်စဉ်ကို ကျင့်ကြံခြင်း မရှိပါ။ သို့သော် သူသည် အရှိန်ဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး အခြားသူများ လိုက်မှီနိုင်မည့် အတွေးမှာပင် မဖြစ်နိုင်ဘဲ ဖြစ်နေသည်။
လန့်စ် သည် ကျိုးဝမ် ကို မြင်သောအခါ နားနေခန်းမှ ထွက်လာခဲ့ပြီး ပြိုင်ပွဲကွင်းအတွင်းသို့ လမ်းလျှောက်သွားခဲ့သည်။
ESTÁS LEYENDO
[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book II >> Ch 201 to 400 အရင်အကောင့်ပျက်သွားလို့ ဒီမှာပြန်တင်တာပါ။ Book I ကိုလည်း ဖြည်းဖြည်းချင်း ပြန်တင်ပေးပါမယ်။ [အရင်အကောင့်ပျက်သွား...