Zawgyi
အခန်း(၂၁၃) အရူး
ဒီတစ်ကြိမ်သည် ကျိုးဝမ်အတွက် ကျောက်ဆူးပုံရိပ်တစ်ခုကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် အမျိုးသမီးဟူသည် ပုံမှန်အားဖြင့် ပင်လယ်ထွက်မည့် သင်္ဘောသား များအနေဖြင့် အယူအရ တားမြစ်ချက်ဖြစ်သည်။ ထိုအချက်ကြောင့် ကျောက်ဆူးပေါ်တွင် အမျိုးသမီးပုံ ထွင်းထုထားခြင်းသည် မဖြစ်နိုင်သော်လည်း ယခုကျောက်ဆူး အမှတ်အသားတွင် အမျိုးသမီးတစ် ယောက်၏ ဘေးတိုက်ပုံ ပါနေသည်။ အဲဒီကျောက်ဆူးအမှတ်အသား သည် သူ့အား နက်ရှိုင်းသည့်ခံစားချက်ကို ချန်ထားနိုင်သည်။
ကျိုးဝမ်သည် ကျောက်ဆူးအမှတ်အသား၏ အဓိပ္ပါယ်မှာ ဘာဖြစ်နိုင်သည်ကို ပုံဖော်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် သူသည် အရမ်းကို သိချင်စိတ် ပြင်းပြနေသည်။
ယခုတွင် လူတစ်ယောက်၏လက်မောင်း၌ တက်တူးတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည့်အခါ ၎င်း၏မူလဇစ်မြစ်ကို သိချင်စိတ်ဖြင့် မေးမြန်းချင်လာသည်။
"အမလေး၊ ဒီမှာလည်း နောက်ထပ် အရူးတစ်ယောက်ပါလား"
မျက်မမြင်သည် အော်ဟစ်ပြီး အရူးတစ်ယောက်လို ပတ်ပြေးနေသည်။ မျက်လုံးမမြင်ရသည်ကိုပင် ၎င်းသည် ပြေးနေဆဲဖြစ်၏။ ထိုလူသည် ယိုင်တိယိုင်တိုင် ခလုတ်တိုက်ပြီး မကြာခဏ လဲကျနေသော်လည်း ရပ်တန့်ရန် ငြင်းဆန်နေသည်။
ထိုလူပြောခဲ့သည်မှာ သူသည် သင်္ဘောတစ်စင်းကို မြင်ခဲ့ရသည်၊ တစ်စုံတစ်ယောက်သည် သင်္ဘောပေါ်တွင် လူသတ်နေခဲ့သည်ဟု ရည်ညွှန်းခဲ့သည်။
"ကျောက်ဆူးပုံစံ အမှတ်အသားက သူရည်ညွှန်းတဲ့ သင်္ဘောနဲ့ ဆက်နွယ်မှုရှိနိုင်လား?"
ကျိုးဝမ် သည် ကိုယ့်ဘာသာ တွေးတောနေမိသည်။
အနည်းငယ်လှမ်းသည့် နေရာတွင် ရှိနေသည့် အသက်လမ်း မြင့်မြတ်နန်းတော်ကို ကြည့်လိုက်ပြီး ကျိုးဝမ် သည် သူအရင် ခန့်မှန်းခဲ့သည်များမှာ မှားယွင်းကြောင်း နားလည်သွားသည်။
မိသားစုခြောက်ခု၏ မူရင်းသူရဲကောင်း အများစုသည် ချိတ်ဆက်မှုနယ်မြေများတွင် သေဆုံးသွားခဲ့ကြပြီဖြစ်သည်။ တုကူး မိသားစု၏ သူရဲကောင်းအိုကြီး တစ်ယောက်သာ ကောင်းမွန်စွာဖြင့် အသက်ရှင်နေသေးသည်။
ESTÁS LEYENDO
[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Acciónမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book II >> Ch 201 to 400 အရင်အကောင့်ပျက်သွားလို့ ဒီမှာပြန်တင်တာပါ။ Book I ကိုလည်း ဖြည်းဖြည်းချင်း ပြန်တင်ပေးပါမယ်။ [အရင်အကောင့်ပျက်သွား...