Zawgyi
အခန်း(၂၃၀) သရဲဘုရင်
"သွားကြစို့"
အနက်ရောင်ချပ်ဝတ်နှင့် ဆံပင်ဖြူ သရဲတစ္ဆေကောင် ချီတက်လာသည်ကို မြင်လိုက်သည့်အခါ ကျိုးဝမ် သည် အံကြိတ်လိုက်၏။ သူ ထရပ်လိုက်ပြီး ယင်-ယန် နယ်နိမိတ်ကျောက်တုံးဆီသို့ ချီတက် လိုက်တော့သည်။
ကြီးမားသည့် ယင်လေပြင်းဖြင့် လမ်းရှင်းလိုက်သည့်အတွက် အနီရောင်ဝတ် သရဲမများသည် မီတာပေါင်းများစွာ အဝေးသို့ လွင့်စင်သွားခဲ့သည်။
လီရွှမ် နှင့်အဖွဲ့သည် အနက်ရောင်ချပ်ဝပ်၊ ဆံပင်ဖြူ သရဲတစ္ဆေကောင်နှင့် ရင်ဆိုင်ရခြင်းမှာ သေခြင်းတရားသို့ ဦးတည်နေမည်ကို သဘောပေါက်သည်။ မဆိုင်းမတွဘဲ ကျိုးဝမ်နောက်မှလိုက်ပြီး ယင်-ယန် နယ်နိမိတ်ကျောက်တုံးကို ကျော်ဖြတ်လိုက်ကြသည်။
ကြီးမားသည့် ယင်လေပြင်းသည် အနီရောင်ဝတ် သရဲမများစွာကို အဝေးသို့ လွင့်စင်သွားစေသော်လည်း ကျန်နေသည့် သရဲမများမှာ အများအပြား ရှိနေသေးသည်။ မကြာမီ အနီရောင်ဝတ် သရဲမများသည် သူတို့ကို ဝိုင်းပတ်ထားလိုက်ကြသည်။
ကျိုးဝမ် သည် တစ်ဖန် ယပ်ခတ်လိုက်ပြန်၏။ ရှေ့တွင်ရှိနေသည့် သရဲမများကို အဝေးကို လွင့်သွားစေလိုက်ပြီး လူသုံးယောက် နှင့်အတူ အပြင်းအထန် ပြေးထွက်သွားခဲ့သည်။
သူတို့လေးယောက် အတွင်းသို့ ပြေးဝင်ပြီး မကြာခင်မှာပင် အနက်ရောင်ချပ်ဝတ်၊ ဆံပင်ဖြူ သရဲတစ္ဆေကောင်သည် ယင်-ယန် နယ်နိမိတ်ကျောက်တုံးဆီသို့ ချီတက်လာနေခဲ့သည်။ သို့သော် ၎င်းသည် အဖြူရောင်ဝတ်ရုံ သရဲတစ္ဆေများကဲ့သို့ တုံ့ဆိုင်းခြင်းမရှိဘဲ တည့်တည့် ပြေးဝင်လာခဲ့သည်။
၎င်းဝင်ရောက်လိုက်သည့် အခိုက်အတန့်တွင် အနီရောင်ဝတ် သရဲမများသည် သွေးရူးသွေးတန်း ကျိုးပျက်သွားပုံရသည်။ သူတို့အားလုံးသည် စတင်ပြီး အော်ဟစ်လိုက်သည်မှာ ဆံပင်များသည် ထောင်တက်နေခဲ့သည်။ သူတို့သည် အနက်ရောင်ချပ်ဝတ်၊ ဆံပင်ဖြူ သရဲတစ္ဆေကောင်ဆီသို့ အကြောက်အရွံ့မရှိဘဲ ချီတက်တိုက်ခိုက်လိုက်ကြသည်။
ŞİMDİ OKUDUĞUN
[ Book II ]ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု [ဂိမ်းလေးတော့ အေးဆေးဆော့ခွင့်ပြု]
Aksiyonမူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။ [မူရင်း ဘာသာပြန်သူ၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။] Book II >> Ch 201 to 400 အရင်အကောင့်ပျက်သွားလို့ ဒီမှာပြန်တင်တာပါ။ Book I ကိုလည်း ဖြည်းဖြည်းချင်း ပြန်တင်ပေးပါမယ်။ [အရင်အကောင့်ပျက်သွား...