Part - 1

788 41 2
                                    

>> Unicode <<
~~~~~~~~~~~~

ဂွာနေဗီးယား ( Guanavia ) တိုင်းပြည်ကိုအုပ်စိုးသည့် ဘုရင်မင်းမြတ်မှာ သားတော်သုံး‌ယောက်ရှိလေသည်။ အကြီးဆုံးသားတော်က နေသန် ( Nathan ) ဖြစ်ပြီး အိမ်ရှေ့စံဖြစ်သည့်အလျောက် ရုပ်ရည်သွင်ပြင်ကစလို့ ဘုရင်ဖြစ်ဖို့အရည်အချင်း အစစရာရာပြည့်စုံသူဖြစ်သည်။ သားအလတ်ဖြစ်သူ ရစ်ချက်ဒ် ( Richard ) ကတော့ တိုင်းပြည်ရေးရာများထက် စာအုပ်စာပေတွေကို ပိုပြီးနှစ်သက် စိတ်ဝင်စားသူဖြစ်၏။ သူ့ကိုကြည့်လိုက်တိုင်း လက်ထဲမှာ ခပ်ထူထူစာအုပ်တစ်အုပ်ကိုပါတွေ့ရမည်။

အငယ်ဆုံးသားတော်လေးက‌တော့ အီလစ် ( Ellip ) ။ အငယ်ဆုံးဆိုတဲ့အတိုင်း အစ်ကိုတွေနှင့်ယှဉ်တဲ့အခါ အီလစ်က အစစအရာရာအားနည်းသည်။ သစ်ပင်တက်တာနှင့် သစ်သားရုပ်လေးတွေပုံဖော်တာပဲကျွမ်းကျင်တဲ့အီလစ်ကို ခမည်းတော် ဘုရင်‌ကြီးက အားမလိုအားမရဖြစ်ခဲ့ရသည်။ အမေဖြစ်သူကတော့ အီလစ်ကို မကြာခဏအားပေးတတ်သည်။ " အချိန်က အရာရာကို ပြောင်းလဲပေးပါလိမ့်မယ် " တဲ့.. ။

မယ်တော်ပြောတဲ့အချိန်ကိုလည်း အီလစ် စောင့်နေပါတယ်။ နန်းတော်မှာရှိတဲ့ အတော်ဆုံးဆိုတဲ့ဆရာတွေဆီမှာပညာတွေလေ့လာဆည်းပူးရင်းပေါ့။ သူတို့ ညီအစ်ကိုသုံးယောက်မှာ မတူညီတဲ့စိတ်ဝင်စားမှုတွေလည်းရှိသေးတယ်။ အစ်ကိုအကြီးဆုံးက တောကောင်လိုက်ရတာဝါသနာပါတယ်။ အစ်ကိုအလတ်ကတော့ စာပေသမားပီပီ တွေးတောရတာဝါသနာပုံပဲ။

အီလစ်လား..??

အီလစ်ရဲ့ဝါသနာက စပ်စုတာလေ...။

ဒီဝါသနာကြောင့်ပဲ နန်းတော်ထဲကအမတ်ကြီးရဲ့ကလေးနှစ်ယောက်ဆီကကြားခဲ့တာတစ်ခုရှိတယ်။ ဂွာနေးဗီးယားတိုင်းပြည်ရဲ့အရှေ့ဘက်မှာ မှော်ဆန်တဲ့တောအုပ်ကြီးတစ်ခုရှိတယ်။ ခြုံနွယ်နဲ့ဆူးပင်တွေတအားထူထပ်ပြီး ထူးဆန်းတဲ့အကောင်ပလောင်တွေလည်းပေါလို့ တော်ရုံလူဆို အဲ့ဒီတောကိုမဖြတ်ရဲကြဘူးတဲ့။ နောက်ထပ် အံ့ဩစရာကောင်းတဲ့အချက်ကတော့ အဲ့ဒီတောအုပ်ထဲမှာ မှော်ဆရာတွေ ၊ မှင်စာနဲ့ စုန်းမတွေလည်း ကျက်စားနေသတဲ့။ ကြည့်ပါအုံး.. စိတ်ဝင်စားစရာမကောင်းပေဘူးလား !?

Memories Of Guanavia ( Completed )Where stories live. Discover now