>> Unicode <<
~~~~~~~~~~~~" လိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါ ဟာဗေးလ် "
ပြုံးရွှင်စွာပြောတဲ့အီလစ်ကို ဟာဗေးလ်က တုံ့ပြန်မှုမရှိဘဲ စိုက်ကြည့်နေသည်။ ခက်ထန်သယောင်မျက်ဝန်းများကို ရင်းနှီးနေပြီဖြစ်တဲ့အီလစ်ကတော့ ဘာကိုမှတွေးမနေဘဲ ချစ်စရာခွေးကလေး ဖီလိုဘက်ကိုလှည့်ကာ နှုတ်ဆက်နေလေသည်။
" နောက်တစ်ခေါက်ပြန်လာရင် အစ်ကိုကြီးက အရသာရှိတဲ့ကွတ်ကီးတွေယူခဲ့မယ်နော် တကယ်ကတိပေးတယ် ! "
အီလစ်ရဲ့စကားကိုနားလည်သည့်ခွေးကလေးမှာ သဘောကျသွားဟန်ဖြင့် နှုတ်သီးလေးတရှုတ်ရှုတ်လုပ်ကာ အမြှီးလေးကိုလည်း ရမ်းခါပြနေ၏။ ကျေးငှက်တို့အော်မြည်သံတွေကြား အီလစ်ရဲ့ရယ်သံလွင်လွင်ကလေးကိုကြားရတော့ ဟာဗေးလ်က သက်ပြင်းရှိုက်သည်။
" ကျွန်တော်သွားပြီနော် ဟာဗေးလ်လည်းဂရုစိုက်ပြီးပြန်ပါ၊ အာ.. ခင်ဗျားက လမ်းမှားစရာအကြောင်းတော့မရှိပါဘူး "
" နေဦး "
လှည့်ထွက်တော့မည့် အီလစ်ရဲ့ခြေလှမ်းတွေ ဟာဗေးလ်အသံကြောင့် ရပ်သွား၏။ ပင်စည်အကြီးကြီးနှင့်သစ်ပင်ကို အမှီပြုပြီးရပ်နေရာမှ ဟာဗေးလ်က အီလစ်အနားသို့ လျှောက်လာသည်။
" နောက်တစ်ခါထပ်လာရင် မင်းကိုတစ်ယောက်ယောက်က အန္တရာယ်ပြုနိုင်တယ် "
" ကျွန်တော်လာတိုင်း အန္တရာယ်ရှိနေတာပဲ၊ ဟာဗေးလ်က နောက်တစ်ခါထပ်ပြီးကယ်ပေးမယ်မဟုတ်လား "
ပြုံးသဲ့သဲ့မျက်နှာလေးနှင့် အီလစ်မေးလိုက်ခြင်းပေ။ ဟာဗေးလ်ရဲ့ တည်တင်းနေတဲ့မျက်နှာကြီးကတောင် အီလစ်ကိုမတုန်လှုပ်စေတော့ပါ။ ဟာဗေးလ်ကတော့ ပြောင်ချော်ချော်မျက်နှာပေးလေးကို စိုက်ကြည့်နေပြီးမှ ချာခနဲမျက်နှာလွှဲသွားသည်။
" ကံတရားဆိုတာ မင်းကို အမြဲတမ်းမျက်နှာသာပေးနေမှာမဟုတ်ဘူး အီလစ် ၊ နောက်တစ်ခေါက်ထပ်လာလို့ အန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အချိန်မှာ ငါရောက်လာဖိုလည်းမသေချာဘူး "
" ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ ဟာဗေးလ်.. ကျွန်တော်ခင်ဗျားနဲ့ စိတ်ချင်းဆက်သွယ်လို့မရဘူးလားဟင် "
YOU ARE READING
Memories Of Guanavia ( Completed )
Fantasy" နောင်တစ်ချိန် လူတွေပြန်ပြောကြမဲ့ မှော်ဆန်တဲ့ ဒဏ္ဍာရီလေးထဲမှာ နှလုံးသားရဲ့အလိုဆန္ဒအတိုင်း ခင်ဗျားရှေ့မှောက် ရောက်ခဲ့သူအဖြစ်... " collaboration with @Coral.