Part - 5

230 26 0
                                    

>> Unicode <<
~~~~~~~~~~~~

" မတူညီတဲ့ဖြစ်တည်မှုတွေကြားက ပေါက်ဖွားလာတဲ့အချစ်ကြောင့်ပဲ ထိခိုက်ပျက်စီးမှုတွေအများကြီးရှိခဲ့တယ် ၊ မျိုးနွယ်စုနှစ်ခုကြားမှာ ရန်ငြှိုးတွေကတဖြည်းဖြည်းကြီးမားလာတယ် ၊ အဲ့ဒီရန်ငြှိုးတွေပြေပျောက်ဖို့ဆိုရင် လိုအပ်တာကဘာဖြစ်မလဲ "

ခန္ဓာကိုယ်ဝဝဖိုင့်ဖိုင့်နှင့်ကောင်‌လေးရဲ့မေးခွန်းအဆုံးမှာ နားထောင်နေတဲ့ ကလေးတွေအားလုံးငြိမ်သက်သွားကြသည်။ သူတို့ကြားထဲဝင်ထိုင်နေတဲ့ အမ်မလီယာဆိုတဲ့မင်းသမီးလေးလည်း စိတ်တဝင်စားနားထောင်နေပြီး အဖြေကိုလည်း အသည်းအသန်စဉ်းစားနေ၏။ တိတ်ဆိတ်နေတဲ့ကြားမှ တိုးထွက်လာတဲ့ဖြေသံတိုးတိုးလေးက..

" အချစ် "

အားလုံးရဲ့အကြည့်တွေက အီလစ်ဆီကိုရောက်လာကြသည်။ ကလေးတွေရဲ့ " ရူးနေလား " ဆိုတဲ့အကြည့်တွေအောက်မှာ အီလစ်ကတော့ အူကြောင်ကြောင်‌လေး။

" ဘာလို့ အချစ်လို့ထင်တာလဲ မင်းသား " 

ခပ်ဝဝကောင်လေးကမေးတော့ အီလစ်လည်း တွေတွေလေးစဉ်းစားရင်း..

" အချစ်ကြောင့် ထိခိုက်ပျက်စီးမှုတွေဖြစ်လာတယ် ၊ အချစ်ကြောင့်ပဲ သူတို့မှာအငြှိုးတွေရှိလာတာဆိုရင် အချစ်နဲ့ပဲ ပြန်ကုစားရမှာပေါ့ "

အီလစ်ရဲ့အဖြေကို အမ်မလီယာက သဘောကျပြီးပြုံးသည်။ ကျန်တဲ့ အမတ်မင်းတချို့ရဲ့သားသမီးတွေကတော့ ဘဝင်မကျသလိုခေါင်းတခါခါနှင့် ထထွက်သွားကြ၏။

" အဖြေကကောင်းတယ် အီလစ် ဖြစ်နိုင်ချေရှိတယ် "

အမ်မလီယာလည်း ပြောပြီးထွက်သွားသည်။

" ကျွန်တော်လည်း မင်းသားနဲ့အတွေးတူပါတယ် "

ခန္ဓာကိုယ်ထွားထွားနှင့်ကောင်‌လေးပါ ပြောပြီးထထွက်သွားတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့ အီလစ်လည်း ဆက်ထိုင်မနေတော့ဘဲ နန်းဆောင်ထဲပြန်ဝင်လာခဲ့သည်။

ကောက်ရိတ်သိမ်းပွဲအတွက်အလုပ်များနေကြတဲ့အစေခံတွေကို ဒီနေ့တော့ နန်းဆောင်တွေထဲမှာသိပ်မတွေ့ရချေ။ အထိန်းတော်ကြီးပါပျောက်နေတာမို့ ခပ်ညစ်ညစ်အကြံစည်လေးများက အီလစ်ရဲ့ခေါင်းထဲဝင်လာ၏။

Memories Of Guanavia ( Completed )Where stories live. Discover now