Part - 16

131 19 0
                                    

>> Unicode <<
~~~~~~~~~~~~

အာဝူး...

ဆွဲဆွဲငင်ငင်အူသံ၏အဆုံးမှာ ဖီလို့၏ အရှိန်ကပိုမြန်လာခဲ့သည်။ ဖီလို တစ်သက် တစ်ခါမှသခင့်ရဲ့စိုးရိမ်ပူပန်နေသည့်မျက်နှာကို မမြင်ဖူးခဲ့ချေ။ အမြဲတစေ အေးတိအေးစက်နှင့် မာထန်နေသည့်မျက်နှာမှာ ယခုကျတော့လည်း တစ်စုံတစ်ရာအတွက်သောကများနေသည့်အရိပ်အယောင်တွေကို ဖီလိုတွေ့ခဲ့ရသည်။

သခင်ပြောသည့်အတိုင်း အရှိန်တင်ကာ တောစပ်သို့အပြေးနှင်လာခဲ့ပြီးနောက် ပထမဆုံးတွေ့လိုက်ရသည်မှာ အီလစ်ကိုပင်။

" အကိုကြီး ! "

မိန်းကလေးငယ်အသွင်မျိုး ချက်ချင်းပြောင်းလဲကာ အီလစ်ဆီပြေးဝင် တိုးဖက်မိတော့ အီလစ်ကလည်း သူ(မ)ကိုပြန်ဖက်ထားသည်။

" ဖီလို ဒီကိုမင်းဘယ်လိုရောက်လာတာလဲ "

" သခင်ကလွှတ်လိုက်တာ၊ အကိုကြီးမှာ အန္တရာယ်ရှိနေပြီထင်တယ်၊ ဘာလို့တောထဲကိုပြန်လာရတာလဲ အခုချက်ချင်းပြန်မှဖြစ်မယ် "

ပြောပြောဆိုဆိုနှင့် အီလစ်ရဲ့လက်ကိုဆွဲကာ တောစပ်အပြင်သို့ဆွဲထုတ်ရန်ပြင်နေသည့်ကလေးမလေးဟာ သူ့ရှေ့ကလူတစ်စုကိုတော့ သတိမမူမိခဲ့သည့်ပုံပင်။

" ဟိတ် မင်းရပ်စမ်း ! "

" မလုပ်နဲ့ အစ်ကို "

ရစ်ချက်ဒ်က အသင့်ပြင်ထားသောဓားနှင့်ချိန်ရွယ်လိုက်ချိန်တွင် အီလစ်က ဖီလို၏အရှေ့မှဝင်ကာထား၏။

" အီလစ် မင်းသူတို့ကိုလှည့်စားဖို့မဖြစ်နိုင်ဘူး၊ ဒီစတေးမှုက အရင်ဘုရင်တွေလက်ထက်တည်းကရှိခဲ့တာကြာပြီ၊ ဒါကို ငါတို့ကဖောက်ဖျက်လိုက်ရင် ဘယ်လိုအကျိုးအဆက်တွေဖြစ်နိုင်လဲဆိုတာ ငါတို့မသိဘူး၊ အဲ့ဒါကြောင့် ငါတို့လည်းမလုပ်ချင်ပဲလုပ်ရတဲ့ကိစ္စဖြစ်လို့ မင်းငါတို့ကိုခွင့်လွှတ်နိုင်ဖို့မျှော်လင့်ပါတယ် "

ဓားနှင့်ချိန်ကာ ရှေ့တိုးလာတာကြောင့် အီလစ်လည်း ဖီလိုကိုကွယ်ထားရင်း နောက်ကိုတစ်လှမ်းချင်းဆုတ်သွားမိသည်။ သွေးသားအရင်းဆီမှာ ပြန်ပြီးအသတ်ခံရမှာကသိနေတဲ့ အီလစ်ရဲ့ရင်ထဲမှာ ဝမ်းနည်းနာကျင်မှုဟာ အတိုင်းအဆမဲ့သည်။

Memories Of Guanavia ( Completed )Where stories live. Discover now