Part - 19

141 22 0
                                    

>> Unicode <<
~~~~~~~~~~~~~

ဟာဗေးလ်ရပ်ကြည့်နေစဥ်မှာပဲ ခေါင်းဆောင်၏အနီးတစ်ဝိုက်၌ အလင်းစလေးတစ်ခုကပေါ်လာ၏။ ခေါင်းဆောင်ရဲ့ဂါထာတစ်ခုကို ရွတ်ဖတ်သံပိုကျယ်လာသည်နှင့်အမျှ ထိုအလင်းတန်းဟာလည်း တစ်စတစ်စကြီးထွား စူးရှလာသည်။

ထိုသို့ ကြီးမားလာသည့်အလင်းတန်းအတွင်းမှ ရောင်စဉ်တန်းများဖြာထွက်လာကာ အမျိုးသမီးတစ်ယောက်ရဲ့အသွင်ပေါ်လာလေသည်။

" နီဗေးလ် ( Neville ) "

ခေါင်းဆောင်ရဲ့ခေါ်သံကိုကြားပြီးနောက် ထိုအမျိုးသမီးက မျက်ဝန်းများပွင့်လာလေသည်။ ဟာဗေးလ်ကဲ့သို့ မျက်ဝန်းများကိုပိုင်ဆိုင်ထားသည့် ထိုအမျိုးသမီးမှာ ခေါင်းဆောင်ဖြစ်သူကို ရန်လိုစွာ စူးစူးရဲရဲစိုက်ကြည့်နေ၏။

" အမေ.. "

အီလစ်ကိုပွေ့ဖက်ထားသော ဟာဗေးလ်ရဲ့လက်တွေက ပိုတင်းကြပ်သွားသည်။ တစ်ကိုယ်လုံးတောင့်တင်းသွားဟန်ရကာ ငယ်ဘဝကအဖြစ်အပျက်များဟာလည်း ခေါင်းထဲအစီအရီပြန်ရောက်လာ၏။ တုန်ယင်ချင်လာသောသူ၏လက်တွေကို အေးစက်စက်လက်လေးတစ်ဖက်ကလာဆုပ်ကိုင်ပေးသည်။

" ဟာဗေးလ် ကျွန်တော်ခင်ဗျားနဲ့ရှိတယ်နော် "

တိုးဝင်လာသောနွေးထွေးမှုလေးက အတိတ်ကဖြစ်ရပ်ဆိုးတွေကို မေ့ဖျောက်အောင်ကူညီပေးလိုက်နိုင်သည်။ ဟာဗေးလ် အီလစ်ကိုငုံ့မိုးကြည့်နေရာမှ ပြုံးပြီး ခေါင်းညိတ်ပြလိုက်၏။

" သူတို့အာရုံပြောင်းနေတုန်း ဒီကနေထွက်သွားကြမယ် "

ဟာဗေးလ်လှည့်ထွက်ရန်အပြု အီလစ်က သူ့လက်တွေကိုဆွဲထား၏။

" ခင်ဗျားအမေကို တွေ့မသွားချင်ဘူးလား "

ဟာဗေးလ် အီလစ်ကိုကြည့်ရင်း အမေဖြစ်သူကိုလှမ်းကြည့်မိသည်။ထိုအခါ သူ့ကိုပြန်ကြည့်နေရှာသော အမေဖြစ်သူနှင့်အကြည့်ချင်းဆုံသွား၏။

" ဟာဗေးလ်.. "

ခေါင်းဆောင်ဘက်သို့တစ်ခုခုလှည့်ပြောပြီး သူ့ဆီသို့ဝဲလွင့်လာသော အမေ့ရဲ့ ဝိဉာဥ်ဟာဖြူလွလွ။ အိပ်မက်တွေထဲ ခပ်ဝါးဝါးသာမြင်ဖူးသောအမေ့ကို ယခုအခါ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့ ဟာဗေးလ် မျက်ရည်ကျမိသည်။ သူ၏အမေဟာ နတ်မိမယ်တစ်ပါးလိုသိပ်လှသည်။

Memories Of Guanavia ( Completed )Where stories live. Discover now