<Unicode>
You are my only one
နွေးထွေးပါစေ မောင်ရေ
ပုံမှန်ဆိုရင် အေးချမ်းပါစေလို့ ဆုတောင်းပေးရတယ်မလား ဒါပေမဲ့မောင်က အအေးကြောက်တယ်လေ အဲ့ဒါကြောင့် အတတ်နိုင်ဆုံး မောင်ရှိတဲ့အရပ်ဒေသတွေကို နွေးထွေးနေစေချင်တာ ဆောင်းရာသီရဲ့ အေးခဲမှုဒဏ်ကိုတော့ ကျွန်မက မောင့်အစား သိမ်းဆည်းထားပေးမှာမို့ မောင်ရှိရာအရပ်ဟာ နွေဦးရာသီလို နွေးထွေးပြီး ကောင်းကင်ကလဲ မောင်သဘောကျတဲ့ အပြာရောင်လေးတွေ လွှမ်းခြုံနေပါစေ
ကျွန်မအတွက်ကတော့လေ အထီးကျန်နေတဲ့အချိန်မှာ မောင့်ရဲ့ အပြုံးတွေကဘဲ အထီးကျန်ရခြင်းအကြောင်းတရားတွေကို မေ့စေနိုင်ခဲ့တာ တစ်နေ့တာလုံးပင်ပန်းရသမျှ အကြောင်းအရာတွေအားလုံးကို မောင့်မျက်နှာလေးကို ငေးကြည့်နေရုံနဲ့ အမောပြေခဲ့ရတာ
ပင်ပန်းရတဲ့နေ့တွေမှာ နေရောင်ခြည်နဲ့တူတဲ့ အပြုံးတွေ ယူဆောင်လာပေးတတ်လို့ ကျေးဇူးတင်ပါတယ် ဒီလိုသိပ်အဖိုးတန်တဲ့ မောင့်ကို မချစ်မိဘဲ ဘယ်သူကများ နေနိုင်မှာတဲ့လဲ
ဘယ်လိုရေစက်တွေပါလာခဲ့လို့ ဒီလောက်အထိ ရူးသွပ်မိနေမှန်းမသိပေမဲ့ ကိုယ့်ကိုကိုယ် ဒီလိုဖြစ်တည်မှုလေးအနေနဲ့ ရှိနေရတာကို ကျေနပ်မိတယ်
မောင့်ကို မြင်တွေ့နေရရုံနဲ့တင် ကိုယ့်ကိုကိုယ် အများကြီး ကံကောင်းတယ်လို့ကို မှတ်ယူထားမိသည်အထိ မြတ်နိုးရပါတယ်လေ
ဒီကနေရှေ့လျှောက်လဲ ဒီလိုမျိုးလေး ငေးကြည့်ပြီး အများကြီး ဆက်ချစ်နေအုံးမှာမို့လို့ မောင်က ပျော်ပျော်ရွှင်ရွှင်လေးပဲ နေပေးပါ လွတ်လွတ်လပ်လပ်စိတ်ကြိုက်နေထိုင်ပါ
မောင်နဲ့ ပတ်သက်တာ ဘာမဆို သဘောကျပေးမှာမို့လို့ မောင်ရှိတဲ့ အရပ်တိုင်းမှာ နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ နွေးထွေးပါစေ မောင်က ကိုယ့်ရဲ့ပျော်ရွှင်မှုလေးမို့လို့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေကွယ်
ကိုယ့်တောင်းဆုနဲ့အေးချမ်းခြင်းတွေဟာ လေပြည်တွေနဲ့အတူ မောင့်ထံပါးသို့ ရောက်ရှိသွားပါစေ မောင့်ကို စသိကထဲက ပတ်သက်သမျှ ခံစားချက်တွေအားလုံးက ကျွန်မဘဝရဲ့ အမြတ်နိုးရဆုံးအမှတ်တရတွေကြည့်ဘဲမို့လို့ သိပ်ကိုအဖိုးတန်သောပါဘဲ
ကျွန်မအမြဲတမ်း ပြောနေကျစကားတစ်ခွန်းရှိတယ် မောင်မကြားနိုင်ခဲ့ပေမဲ့ပေါ့ ဒီနေ့လဲထပ်ပြောပါရစေ
ကျွန်မကလေမောင့်ကို အများကြီး အများကြီး အများကြီးကို ချစ်တာပါရှင်
သိပ်ချစ်ရတဲ့ချစ်မဝလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ ကျန်းမာပါစေ

YOU ARE READING
Maung
Non-Fiction4.12.2022(Sun) Kim seokjin နဲ့ပတ်သက်သည့် အကြောင်းအရာများသာ ရေးသားသွားပါမည်