<Unicode>
မောင်ရေ ငါးလပြည့်ပြီနော် အရင်လတွေကတော့ မောင့်ပုံလေးတွေ အလွမ်းပြေ မြင်ရသေးတယ် ဒီလအတွက်ကတော့ မောင့်အသံချိုချိုလေးနဲ့ message လှလှလေးတွေပေါ့ မောင်
မောင် ကျွန်မလေ သူများတွေလို မောင့်ဆီကနေ reply ပြန်ရတာမျိုး လိုချင်တယ် နဲနဲလောက် အတ္တကြီးပါရစေ မောင်ရယ် တကယ် အစက်အပြောက်လောက်လေးဆိုရင်ကို ကျေနပ်ပါတယ်
ဒါပေမဲ့လဲ မောင်အဆင်ပြေနေတယ်ဆိုတဲ့ အသိကလေးက ကျွန်မစိတ်ဝိညာဉ်ကို အေးချမ်းစေတယ်ဆိုတာ သိရဲ့လားမောင်
ကျွန်မလေ sunshine လေး စစ်ထဲဝင်တဲ့နေ့တုန်းက မောင့်ပုံလေးတွေ့လိုက်ရတော့ တအားကို ပျော်သွားတာ ဒါပေမဲ့ ကျွန်မအပျော်တွေက သိပ်ကြာကြာတော့ မခံလိုက်ပါဘူးမောင်ရယ်
ကျွန်မလေမောင့်ကို သိပ်စိတ်ပူတာဘဲ မောင်တာဝန်ကျတဲ့နေရာက မြောက်ကိုရီးယားနဲ့ ကပ်လွန်းနေလိုက်တာလေ နယ်ခြားစောင့်စည်းလေးပဲ ကျန်တော့တာက်ို မြေပုံကနေ
မြင်နေရတယ် သိပ်စိုးရိမ်တာပဲ မောင်ရယ် အဲ့အကြောင်းကို ကျွန်မသိသိချင်းလေ မောင်ဘာမှကြီးကြီးမားမား မထိခိုက်မိဖို့ ဘုရားမှာ ဆုတောင်းမိတာ အကြိမ်ကြိမ်ပဲကျွန်မကလေ မောင့်ကို သိပ်ချစ်တာ သိရဲ့လား မောင့်ဆံနွယ်အိအိလေးတွေကအစ ခြေဖဝါးဖြူဖြူလေးအဆုံးထိကို ကျွန်မမှာ မြတ်နိုးလိုက်ရတာ ခြင်ကိုက်လို့ အနီကွက်ကလေးထသွားတာတောင် သွေးပျက်မတတ် စိုးရိမ်နေမိတာ အဲ့ဒါတွေရော သိရဲ့လားမောင်
အဲ့ဒါကြောင့် မောင်က အစားပုံမှန်စားပြီး ကျန်းကျန်းမာမာနဲ့ ရှိနေရမယ်နော် နေမကောင်းမဖြစ်ရဘူးနော် မောင်နဲ့ပတ်သက်ရင် ကျွန်မနှလုံးသားက ဘယ်လိုထိခိုက်မှုမျိုးကိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်ဖူးရယ် ကျွန်မတို့ ငါးလတောင် အဆင်ပြေပြေနဲ့ ဖြတ်သန်းလာခဲ့ပြီးပြီပဲ နောက်ထပ် တစ်နှစ်နဲ့တစ်လပဲ လိုတော့တာမို့ အားတင်းထားနော် ဒီလအတွက် ကျွန်မရဲ့မေတ္တာစာလွှာက ဒီလောက်ပါဘဲ မောင်

YOU ARE READING
Maung
Non-Fiction4.12.2022(Sun) Kim seokjin နဲ့ပတ်သက်သည့် အကြောင်းအရာများသာ ရေးသားသွားပါမည်