D day

31 4 0
                                    

<Unicode>

​မောင့်ထံသို့ပါးတဲ့​ ကျွန်မရဲ့မေတ္တာစာလွှာ

13.12.2022(Tue)
12.6.2024(Wed)

သိပ်ကိုမြတ်နိုးရပါတဲ့ အဖိုးတန်​လေး​ရေ ချစ်ခြင်းအပြည့်နဲ့ ​ရေးထားတာမို့ ​လေပြည်​လေညှင်း​လေး​တွေက​နေတဆင့် ​မောင့်ထံပါးသို့ ​ရောက်ရှိသွားပါ​​စေ

ဒီနှစ်ဆောင်းလေးကို အအေးပေါ့စေချင်တယ် ဖြစ်နိုင်မယ်ဆိုရင် မအေးတာ အကောင်းဆုံးပါဘဲ မောင်ကအအေးကြောက်တော့ လုံးဝကို မအေးစေချင်ဘူးဟယ် တကယ်လို့များ အအေးကြောက်တဲ့ကလေးလေးက အအေးမိပြီး ဖျားတာနာတာဖြစ်ခဲ့ရင် ခက်ရချည်ရဲ့ အာလူး ကြက်သွန်တို့လဲ စားလို့မဖြစ်ဖူးနော် မတည့်ဘူးမလား နဲနဲလေးတောင် အားနာလို့ဖြစ်ဖြစ် စားမိလို့မရဘူးနော် ဟင်းချက်တဲ့အခါ ကြက်သွန်ဖြူက အနဲနဲ့အများ​တော့ ပါတတ်တာမို့ ​သေချာသတိထားရမယ်​နော် ကျွန်မရဲ့အသက်က​လေး ကလေးငယ်က တအားကို ထိခိုက်လွယ်တာမို့ ဆေးဝါးတွေ အဆင်သင့်မရှိရင် ဘယ်လိုလုပ်မလဲ စိတ်ပူတာဘဲ သိတော့တယ်

မောင်ကသိပ်ကိုထိခိုက်လွယ်တာမို့ ခြင်ကိုက်ခံလို့လဲမရဘူး အ​အေးမိလို့မဖြစ်ဘူး​လေ ​ဆေးဝါး​တွေအလွယ်တကူမရှိရင် ဘယ်လိုလုပ်မလဲ ကိုယ့်ကိုကိုယ် ဂရုစိုက်ရမယ်​နော် အရင်တုန်းကလို ပြတင်း​ပေါက်နဲ့ တိုက်မိလို့ နဖူးမှာဘု​လေးထသွားတာ ခြင်ကိုက်ခံလိုက်ရလို့ လက်​ကောက်ဝတ်နဲ့လက်ဖျံတ​စ်ချောင်းလုံး နီရဲပြီးယားယံ​နေတာ​တွေကို တိုင်​ပြောရင်း လာချွဲလို့ မရ​တော့ဘူး​လေ အဲ့​တော့ ဂရုစိုက်ပါ​နော် ပြီး​တော့ အာလူးနဲ့ကြက်သွန်ဖြူ လုံးဝစားမိလို့မဖြစ်ဖူး​နော် မတည့်ဘူး​လေ အားနာလို့ဘဲဖြစ်ဖြစ် အမှတ်တမဲ့ဘဲဖြစ်ဖြစ် ​ယောင်လို့​တောင် စားလိုက်လို့​မရဘူး​နော်
ကျွန်မရဲ့အ​ဝေးမ​တွေ့မမြင်ရတဲ့​နေရာမှာ ​မောင်က​ရောက်​နေ​တော့ပိုပြီး စိတ်ပူတာ​ပေါ့ ​မောင်နဲ့ပတ်သက်တဲ့သတင်း​တွေလဲ ကြားချင်မှကြားရ​တော့မှာ အဲ့ဒါ​ကြောင့်အခုထဲက စိတ်ချချင်တယ် လူကိုယ်တိုင်​တွေ့ပြီး ​ပြောပြနိုင်ဖို့ အခွင့်အ​ရေးမရှိ​ပေမဲ့​ပေါ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ထိခိုက်မှုတစ်စုံတစ်ရာ​လေး​တောင် မရှိရ​လေ​အောင် ဂရုစိုက်ရမယ်​နော်

MaungWhere stories live. Discover now