Birthday

19 3 0
                                        

<Unicode>
Happy Birthday pr Maung💙
ကမ္ဘာကြီးအဆုံးထိလျှောက်သွားပြီး အချစ်ကိုရှာဖို့ မလိုပါဘူး
မောင့်ရဲ့မျက်ဝန်းညိုတွေထဲမှာပဲ ကိုယ့်ရဲ့အချစ်တွေတည်ရှိ​နေပါတယ်
မောင်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာတွေက စကြာဝဠာဆန်တယ် အစလဲမသိ အဆုံးလဲမရှိ
သန်းပေါင်းများစွာများထဲကမှ လူတစ်ယောက်ကိုသာ
ရွေးပြီး ကျွန်မမေတ္တာရှိခဲ့တယ်
အဲ့အမျိုးသားလေးကို ပျော်ရွှင်စေချင်တယ် အေးချမ်းစေချင်တယ် ပြီးတော့ ချစ်တယ်
အကြောင်းပြချက်တွေမပါဝင်ပဲ ဒီအတိုင်းချစ်တယ်
နောက်ပြီး မောင့်ကိုပဲချစ်တယ်
ဘာနဲ့မှမလဲနိုင်လောက်အောင်ကိုချစ်တယ်
မောင်ပြုံးနေတဲ့အချိန်မှာလဲချစ်ပြီး မောင်ငိုနေတဲ့အချိန်မှာလဲချစ်တယ်
''ဖြစ်တည်မှုလေးကိုသိခွင့်ရခဲ့လို့ ကျေနပ်ပျော်ရွှင်ရတယ်'' ဒီလူသားလေးက ကိုယ့်အတွက်တော့ အဲ့လိုနာမ်ငယ်ကလေးပဲ
အကောင်းဆုံးသောအရာတွေနဲ့သာ လိုက်ဖက်တဲ့နာမ်ငယ်လေးမလို့ ကိုယ့်ထက်ထိုက်တန်တဲ့လူရှိပြီးသားဆိုတာကိုလဲ ကြိုတင်တွေးတောပြီး အလိုလိုနားလည်ထားခဲ့ပါတယ်
ဆုံးရှုံးစရာမရှိတဲ့ ဒီချစ်ခြင်းငြိမ်လေးကိုပဲ သဘောကျတယ်
ပိုင်ဆိုင်စရာလဲမလို လက်လွှတ်စရာလဲမလို
ချစ်ခြင်းမေတ္တာစစ်က မောင်ပျော်ဖို့သာ ရည်ရွယ်ပါတယ်
မောင့်ကိုမတွေ့ခင်အထိ တစ်စုံတစ်ယောက်ကို ချစ်နေရတဲ့နေ့ရက်တွေဟာ သိပ်သဘောကျစရာကောင်းမှန်း မသိခဲ့မိဘူး
တစ်နေ့တာကိုပုံမှန်လည်ပတ်ရင်း ညဥ့်နက်သန်းခေါင်အချိန်တွေထိ မောင့်အကြောင်းလေးတွေ တွေးတယ်
မောင်က စကြဝဠာပေါ်ကကြယ်ပွင့်လေးနဲ့တူတယ်
ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း တလက်လက်တောက်ပနေတဲ့ မောင့်ကိုမြင်ရတယ်
မောင့်ဘေးနားက ကပ်လျက်ကြယ်ပွင့်လေးဖြစ်ချင်တယ်
သို့ပေမဲ့ ကြယ်ကလေးကို ငေးကြည့်ခွင့်ပဲရှိတဲ့ အဝေးဆုံးက ကလေးမလေးဖြစ်ရပြန်ပြီ
ကိုယ့်အတွက်တော့ မောင့်ကို ငေးခွင့်ရရုံနဲ့ လိုအပ်ချက်မရှိ ပြည့်စုံနေတာမျိုး ကြယ်တွေဆိုတာ မနီးစပ်လေ ပိုလှလေမလား
မောင့်အတွက် ကဗျာလေးတစ်ပုဒ်ဖွဲ့သီပေးချင်တယ်
မောင့်ခန္ဓာကိုယ်ပေါ်က တတ်တူးကလေးဖြစ်ချင်တယ်
မောင့်ရင်ခွင်ထဲက ခွေးပေါက်စလေးဖြစ်ချင်တယ် မေတ္တာသက်ဝင်နေတဲ့ရပ်ဝန်းထဲကလူသားတစ်ယောက်မို့ သံသရာတစ်ထောင့်ကနေ ငေးကြည့်ရင်းခိုးကြည့်ရင်း မေတ္တာမျှနေကြောင်းတော့ မောင့်ကို သိစေချင်တယ်
သာမာန်လူတစ်ယောက်ရဲ့အင်အားပဲရှိပေမဲ့ မောင့်ကိုတော့ ကာကွယ်ပေးချင်မိတယ်
4.12.1992
4.12.2024(Wed)

<Zawgyi>
Happy Birthday pr Maung💙
ကမၻာႀကီးအဆုံးထိေလွ်ာက္သြားၿပီး အခ်စ္ကိုရွာဖို႔ မလိုပါဘူး
ေမာင့္ရဲ႕မ်က္ဝန္းညိဳေတြထဲမွာပဲ ကိုယ့္ရဲ႕အခ်စ္ေတြတည္ရွိ​ေနပါတယ္
ေမာင္နဲ႔ပတ္သက္တဲ့ ကိုယ့္ရဲ႕ခ်စ္ျခင္းေမတၱာေတြက စၾကာဝဠာဆန္တယ္ အစလဲမသိ အဆုံးလဲမရွိ
သန္းေပါင္းမ်ားစြာမ်ားထဲကမွ လူတစ္ေယာက္ကိုသာ
ေရြးၿပီး ကြၽန္မေမတၱာရွိခဲ့တယ္
အဲ့အမ်ိဳးသားေလးကို ေပ်ာ္ရႊင္ေစခ်င္တယ္ ေအးခ်မ္းေစခ်င္တယ္ ၿပီးေတာ့ ခ်စ္တယ္
အေၾကာင္းျပခ်က္ေတြမပါဝင္ပဲ ဒီအတိုင္းခ်စ္တယ္
ေနာက္ၿပီး ေမာင့္ကိုပဲခ်စ္တယ္
ဘာနဲ႔မွမလဲႏိုင္ေလာက္ေအာင္ကိုခ်စ္တယ္
ေမာင္ၿပဳံးေနတဲ့အခ်ိန္မွာလဲခ်စ္ၿပီး ေမာင္ငိုေနတဲ့အခ်ိန္မွာလဲခ်စ္တယ္
''ျဖစ္တည္မႈေလးကိုသိခြင့္ရခဲ့လို႔ ေက်နပ္ေပ်ာ္ရႊင္ရတယ္'' ဒီလူသားေလးက ကိုယ့္အတြက္ေတာ့ အဲ့လိုနာမ္ငယ္ကေလးပဲ
အေကာင္းဆုံးေသာအရာေတြနဲ႔သာ လိုက္ဖက္တဲ့နာမ္ငယ္ေလးမလို႔ ကိုယ့္ထက္ထိုက္တန္တဲ့လူရွိၿပီးသားဆိုတာကိုလဲ ႀကိဳတင္ေတြးေတာၿပီး အလိုလိုနားလည္ထားခဲ့ပါတယ္
ဆုံးရႈံးစရာမရွိတဲ့ ဒီခ်စ္ျခင္းၿငိမ္ေလးကိုပဲ သေဘာက်တယ္
ပိုင္ဆိုင္စရာလဲမလို လက္လႊတ္စရာလဲမလို
ခ်စ္ျခင္းေမတၱာစစ္က ေမာင္ေပ်ာ္ဖို႔သာ ရည္ရြယ္ပါတယ္
ေမာင့္ကိုမေတြ႕ခင္အထိ တစ္စုံတစ္ေယာက္ကို ခ်စ္ေနရတဲ့ေန႔ရက္ေတြဟာ သိပ္သေဘာက်စရာေကာင္းမွန္း မသိခဲ့မိဘူး
တစ္ေန႔တာကိုပုံမွန္လည္ပတ္ရင္း ညဥ့္နက္သန္းေခါင္အခ်ိန္ေတြထိ ေမာင့္အေၾကာင္းေလးေတြ ေတြးတယ္
ေမာင္က စၾကဝဠာေပၚကၾကယ္ပြင့္ေလးနဲ႔တူတယ္
ေကာင္းကင္ကိုေမာ့ၾကည့္လိုက္တိုင္း တလက္လက္ေတာက္ပေနတဲ့ ေမာင့္ကိုျမင္ရတယ္
ေမာင့္ေဘးနားက ကပ္လ်က္ၾကယ္ပြင့္ေလးျဖစ္ခ်င္တယ္
သို႔ေပမဲ့ ၾကယ္ကေလးကို ေငးၾကည့္ခြင့္ပဲရွိတဲ့ အေဝးဆုံးက ကေလးမေလးျဖစ္ရျပန္ၿပီ
ကိုယ့္အတြက္ေတာ့ ေမာင့္ကို ေငးခြင့္ရ႐ုံနဲ႔ လိုအပ္ခ်က္မရွိ ျပည့္စုံေနတာမ်ိဳး ၾကယ္ေတြဆိုတာ မနီးစပ္ေလ ပိုလွေလမလား
ေမာင့္အတြက္ ကဗ်ာေလးတစ္ပုဒ္ဖြဲ႕သီေပးခ်င္တယ္
ေမာင့္ခႏၶာကိုယ္ေပၚက တတ္တူးကေလးျဖစ္ခ်င္တယ္
ေမာင့္ရင္ခြင္ထဲက ေခြးေပါက္စေလးျဖစ္ခ်င္တယ္ ေမတၱာသက္ဝင္ေနတဲ့ရပ္ဝန္းထဲကလူသားတစ္ေယာက္မို႔ သံသရာတစ္ေထာင့္ကေန ေငးၾကည့္ရင္းခိုးၾကည့္ရင္း ေမတၱာမွ်ေနေၾကာင္းေတာ့ ေမာင့္ကို သိေစခ်င္တယ္
သာမာန္လူတစ္ေယာက္ရဲ႕အင္အားပဲရွိေပမဲ့ ေမာင့္ကိုေတာ့ ကာကြယ္ေပးခ်င္မိတယ္
4.12.1992
4.12.2024(Wed)

You've reached the end of published parts.

⏰ Last updated: Dec 04, 2024 ⏰

Add this story to your Library to get notified about new parts!

MaungWhere stories live. Discover now