<Unicode>
တစ်နှစ်ပြည့်ခဲ့ပြီ ရင်တွေပူလောင်ခဲ့ရတဲ့နေ့ရက်ကလေးပေါ့ နိုင်ငံ့တာဝန်တွေ ကျေပွန်အောင်ထမ်းဆောင်ဖို့ ထွက်ခွာသွားမှန်းသိပေမဲ့ စိတ်ပူနေတာကိုတော့ ဘယ်လိုမှ တားဆီးလို့မရခဲ့ဘူးမောင်
ကိုယ်လေ မောင့်ကို သိပ်စိတ်ပူနေခဲ့ရတာ ခြင်ကိုက်ခံရလို့ လက်မှာအနီစက်ထလာတာကအစ ပြတင်းပေါက်ဘောင်ကို ဝင်တိုက်မိလို့ နဖူးမှာ ဘုထသွားတာအဆုံး တဖွဖွလာပြောပြတတ်ပြီး ချွဲတတ်တဲ့ မောင်အဆိုးလေးကို အန္တရာယ်သိပ်များတဲ့နေရာကြီးမှာ ကိုယ်ဘယ်လိုစိတ်ချနိုင်ခဲ့ပါ့မလဲ
မောင်နဲ့မတည့်တာတွေစားမိမှာလဲ သိပ်စိုးရိမ်ခဲ့ရတာ မောင်က ကြက်သွန်ဖြူနဲ့မတည့်သလို အာလူးလဲ စားလို့ မဖြစ်ဖူးလေ တပ်ထဲမှာက လူအများနဲ့နေရစားရတာ မောင့်အတွက်ဆိုပြီး တသီးတသန့် ဂရုစိုက်ပေးမဲ့သူလဲရှိမှာ မဟုတ်ပြန်တော့ မတည့်တာတွေ မစားမိဖို့ကိုပဲ အကြိမ်ကြိမ် ဆုတောင်းနေခဲ့ရတာ ကိုယ့်ဆုတောင်းတွေက မောင့်အတွက် မြူတစ်မှုန်စာလောက်ပဲ အကာအကွယ်အဖြစ်ရှိနေပေးခဲ့မယ်ဆိုရင်တောင် ကျေနပ်ပါတယ်
မောင်ကအေးတာလဲ မကြိုက်ဖူးမလား အဲ့ဒါကြောင့် အတတ်နိုင်ဆုံး မောင်ရှိတဲ့အရပ်ဒေသတွေကို နွေးထွေးနေစေချင်တာ ဆောင်းရာသီရဲ့ အေးခဲမှုဒဏ်ကိုတော့ ကျွန်မက မောင့်အစား သိမ်းဆည်းထားပေးမှာမို့ မောင်ရှိရာအရပ်ဟာ နွေဦးရာသီလို နွေးထွေးပြီး ကောင်းကင်ကလဲ မောင်သဘောကျတဲ့ အပြာရောင်လေးတွေ လွှမ်းခြုံနေပါစေ
မောင့်အနီးအနားနဲ့ ပတ်ဝန်းကျင်ကို ကိုယ်ကိုတိုင်လဲ လိုက်ကြည့်လို့ရနေတဲ့နေရာမျိုးလဲ မဟုတ်ခဲ့ဘူးမလား ကိုယ့်မျက်ကွယ်ရာမှာဆိုတော့ စိတ်မချနိုင်ခဲ့တာ စိတ်ပူနေခဲ့တာ မောင်တစ်ခုခုဖြစ်သွားမှာကိုလေ နေ့နေ့ညည သိပ်ကြောက်နေခဲ့ရတာပါ ဒါပေမဲ့ တပ်ထဲမှာ မောင်ရာထူးအမြန်တိုးသွားတာတွေ မောင့်လက်အောက်ငယ်သားတွေအပေါ် ဂရုစိုက်တဲ့စကားသံတွေပြန်ကြားရတော့ မောင့်အတွက် စိတ်အေးရသလို အရမ်းလဲ ဂုဏ်ယူမိတယ်
အဲ့ဒီအချိန် ကိုယ့်စိတ်ထဲတွေးမိတာတစ်ခုပဲရှိတော့တယ်မောင် မောင်ဆိုတဲ့အမျိုးသားကလေ အမြဲတမ်း ကိုယ့်အတွက် ဂုဏ်ယူစရာတွေပဲ ဆောင်ကျဥ်းလာမဲ့လူမျိုးဆိုတာပဲ အခုချိန်ထိ ကိုယ့်မျက်ကွယ်ရာမှာ မောင်အဆင်ပြေပြေ ကောင်းကောင်းမွန်မွန်နဲ့ ရှိနေပေးခဲ့လို့ ကျေးဇူးတင်ပါတယ်
မောင်ပြန်လာရင် အရင်ကထက်ပိုပြီး ဂရုစိုက်ပါ့မယ် ချစ်ပေးပါ့မယ် တခြားသူတွေထက်သာအောင် မောင်ဂုဏ်ယူရအောင် ကိုယ်မစွမ်းဆောင်နိုင်ခဲ့ရင်တောင် မောင့်တစ်ယောက်ထဲအတွက် မောင့်အတွက်ပဲ ကိုယ်အမြဲတမ်းကြိုးစားနေခဲ့တယ်ဆိုတာလေးတော့ ယုံကြည်ပေးပါနော်
Day366
13.12.2023(Wed)

YOU ARE READING
Maung
Nonfiksi4.12.2022(Sun) Kim seokjin နဲ့ပတ်သက်သည့် အကြောင်းအရာများသာ ရေးသားသွားပါမည်