Moon

67 4 0
                                    

<Unicode>

​မောင့်​မွေး​နေ့ပြီးသွား​တော့ လွမ်းလာသလိုလိုရှိတာနဲ့ nf ကို အ​ပေါ်ဆွဲ ​အောက်ဆွဲလုပ်​နေမိရင်း ​တွေ့လိုက်ရတဲ့သတင်း​လေးက ကျွန်မရင်ကို အဆမတန်ခုန်သွား​စေခဲ့သည်​လေ ​ခေါင်းစဉ်​လေးက ဘာဖြစ်မယ်ထင်လဲ​မောင်

ကြယ်အများဆုံး​ကြွေဆင်းမည့်​နေ့

'' December 13 ရက်​နေ့ည 14 ရက်​နေ့ မနက် ၂ နာရီဝန်းကျင်​လောက်မှာ ၁နာရီကို ကြယ်အလုံး ၁၂၀ ခန့် ကျဆင်းနိုင်ပါတယ် ´´ တဲ့​လေ

အဲ့အချိန် ကျွန်မစဉ်းစားမိသွားတာက​လေ ​မောင်စပြီး စစ်ထဲဝင်ရမယ့်​နေ့ကိုဘဲ တိုက်ဆိုင်လိုက်တာ​မောင်ရယ် ​မောင်စစ်ထဲမဲ့​နေ့ဘဲ​နော် ဟုတ်တယ်မလား

မောင်က ကျွန်မအတွက်​တော့ အမြဲထွန်းလင်း​တောက်ပ​နေပြီး ​အေးချမ်းမှု​တွေကို ​ဆောင်ယူလာ​ပေးတတ်တဲ့ လမင်းကြီး​လေ ကျွန်မက​တော့ ​မောင့်​ဘေးနားက ကြယ်က​လေး​ပေါ့ ဒါ​တွေဟာ ကျွန်မစိတ်ကူးသက်သက်​တွေကြည့်ဘဲ ​မောင်က​တော့ ကျွန်မကို ကမ္ဘာကြီးလို့ သတ်မှတ်ထားသည်တဲ့​လေ အဲ့​လောက်​တောင်ချစ်တာဘဲလား ဒါ​ပေမဲ့ ကျွန်မက​တော့ ​ကမ္ဘာကြီးမဖြစ်ချင်ဘူး​မောင်ရယ် ​မောင့်အနား​နေချင်လို့ ကြယ်​လေးဘဲ ဖြစ်ခွင့်​ပေးပါ​နော်

​ကြယ်​ကြွေတာကို​တွေ့လိုက်တာနဲ့ ကိုယ့်ဆံပင်ကို ကိုင်ပြီး ဆု​တောင်းရင် ပြည့်တတ်တယ်တဲ့ ကျွန်မက​တော့ ဆု​တွေအများကြီး​တောင်းဖြစ်မယ်ထင်တယ် အထူးသဖြင့် ​မောင့်အတွက်​ပေါ့

အ​အေး​ကြောက်တဲ့​မောင့်အတွက် ​ဆောင်းရာသီဟာ ​နွေး​ထွေးပါ​စေ အာလူးကြက်သွန်မတည့်တဲ့​မောင့်အတွက် ​မောင်စားတဲ့အစားအစာတိုင်း အာလူးနဲ့ကြက်သွန်ဖြူ မပါပါ​စေနဲ့ ပြီး​တော့​လေ ​မောင်က သိပ်ကိုထိခိုက်လွယ်တာမလား အဲ့​တော့ ​မောင်​ဘေးမသီရန်မခဖို့လဲ ဆု​တောင်းရအုံးမယ် အလုပ်ကြမ်း​တွေ လုပ်ရတဲ့အခါ ပင်ပန်းမှု​တွေ မရှိ​စေဖို့လဲ ဆု​တောင်းရမယ် ​မောင့်လက်က​လေးက ခွဲစိတ်ထားရတယ်​လေ အ​လေးအပင်​တွေမပြီး လက်ကဒဏ်ကို ပြန်မ​ပေါ်စေချင်ဘူးမောင် ရာသီဥတုက အနဲနဲ့အများ​အေးမှာဆို​တော့ ​အေးလာတဲ့အခါ အရိုးအဆစ်​လေး​တွေ ကိုက်တတ်တယ်​မောင်ရဲ့ အဲ့အချိန်ဆို အ​နွေးအိတ်​လေး အဆင်သင့်မရှိမှာကို စိတ်ပူတယ်​မောင်ရယ် ဒဏ်ရာဘယ်​လောက်များများ ရပါတယ် အဆင်​ပြေတယ် ဘာမှမဖြစ်ပါဘူးဆိုပြီး ညာ​ပြော​နေအုံးမှာမလား ​မောင်ကသိပ်ဟန်​ဆောင်ကောင်းတာ​လေ ​မောင်ကအမြဲတမ်း အများအတွက် ကြည့်​ပေးတတ်လွန်းလို့ စိတ်ပူမိတာ​တော့ အမှန်ဘဲ နာရင်နာတယ် ဝမ်းနည်းရင်ဝမ်းနည်းတယ်ဆိုပြီး​တော့ ​ပြောလို့ရပါတယ်​မောင်ရဲ့ ကျွန်မက​လေ ​မောင်ဘယ်လို​နေ​နေချစ်ပြီးသား သူများစိတ်ထိခိုက်မှာ​ကြောက်ပြီး ​မောင်တစ်​ယောက်ထဲကပဲ အရာအားလုံးကို ခံစား​နေဖို့မှမလိုတာ ​မောင်ပင်ပန်းမှာစိုးလို့​ပါ စကားနား​မ​ထောင်လို့ ကျွန်မကို စိတ်မဆိုးရဘူး​နော် ကျွန်မက​မောင့်ကိုသိပ်ချစ်တာကိုသိရဲ့လား ​မောင်အဆိုး​လေးရဲ့ လမင်းကြီးနဲ့တူတဲ့​မောင့်ကို လမင်း(​မောင့်)နားကကြယ်​လေး(ကျွန်မ)လို့ သတ်မှတ်ထားတဲ့ မိန်းက​လေးတစ်​ယောက်က သိပ်ချစ်သတဲ့​လေ

MaungWhere stories live. Discover now