Birthday

14 4 0
                                    

<Unicode>

မောင့်ထံသို့ပါးတဲ့ ကျွန်မရဲ့မေတ္တာစာလွှာ

သိပ်ကိုမြတ်နိုးရပါတဲ့ အဖိုးတန်လေးရေ ချစ်ခြင်းအပြည့်နဲ့ ရေးထားတာမို့ လေပြည်လေညှင်းလေးတွေကနေတဆင့် မောင့်ထံပါးသို့ အမြန်ဆုံး ရောက်ရှိသွားပါစေ

စတွေ့တုန်းကသဘောကျရုံလေးဆိုပေမယ့် အချိန်ကြာလာတာနဲ့အမျှ ရင်ထဲမှာ မောင့်ကိုတစိမ့်စိမ့်ချစ်တဲ့သစ်ပင်လေး စိုက်ပျိုးထားမိတယ် ကိုယ်တောင်မသိလိုက်ခင်မှာ ကိုယ့်ကိုယ်တိုင်တောင်သတိမထားလိုက်မိတဲ့အချိန်လေးမှာပေါ့ 💙

ကိုယ့်အတွက်တော့ မောင်က အလှပဆုံး ဖြစ်တည်မှုလေးပဲ
နေ့သစ်အစတိုင်းမှာလဲ ကိုယ်မြင်တွေ့နေချင်မိတာက မောင့်ကိုပါဘဲ
နာဖျားနေတဲ့စိတ်ကလေးကို မောင်က နွေးထွေးခြင်းတွေနဲ့ ပြေပျောက်စေခဲ့တယ်
အထီးကျန်နေတဲ့အချိန်မှာ မောင့်ရဲ့ အပြုံးတွေကဘဲ ကိုယ်အထီးကျန်ရခြင်းအကြောင်းတရားတွေကို မေ့စေနိုင်ခဲ့တာ
တစ်နေ့တာလုံးပင်ပန်းရသမျှ အကြောင်းအရာတွေအားလုံးက မောင့်ရဲ့ မျက်နှာလေးကို ငေးကြည့်နေရုံနဲ့ အမောပြေခဲ့ရတာ
ပင်ပန်းရတဲ့နေ့တွေမှာ နေရောင်ခြည်နဲ့တူတဲ့ အပြုံးတွေ ယူဆောင်လာပေးတတ်လို့ ကျေးဇူးတင်ပါတယ်
ဒီလိုသိပ်အဖိုးတန်တဲ့ မောင့်ကို မချစ်မိဘဲ ဘယ်သူကများ နေနိုင်မှာတဲ့လဲ
မောင်က လမင်းလေးနဲ့တူတယ် သိရဲ့လား မဖမ်းဆုပ်နိုင်လို့ သိပ်၀မ်းနည်းရပေမဲ့လေ ဟိုးအမြင့်ဆုံးမှာ တောက်တောက်ပပနဲ့ တည်ရှိနေတာကို မြင်နေရတာကလဲ ဂုဏ်ယူစရာတစ်ခုပဲ ပိုင်ဆိုင်ဖို့မဖြစ်နိုင်သလို ဆုံးရှုံးဖို့လဲ မလိုတဲ့ ချစ်ခြင်းက သိပ်လှပတယ် မဟုတ်လား လက်လှမ်းမမှီနိုင်ခဲ့သော်လဲ ပျော်ရွှင်ရပါတယ်
ကိုယ်အချိန်ပြည့် ခိုလှုံချင်မိတဲ့ အေးချမ်းရာအရပ်ကလေးဟာ မောင်ရှိတဲ့အရပ်ပဲ
ကိုယ်ကလေ မောင့်ကိုဒီလိုလေး ငေးကြည့်နေခွင့်ရခြင်းကလဲ ကံကောင်းခြင်းတစ်မျိုးလို့ ခံယူထားတာမို့လို့ မောင်က ပျော်ပျော်ရွှင်ရွှင်နဲ့ မထိမခိုက်ပဲ ဒီတိုင်းလေး ရှိနေပေးရင် အဆင်ပြေပြီ
လွတ်လွတ်လပ်လပ်စိတ်ကြိုက်နေထိုင်ပါ မောင်နဲ့ ပတ်သက်တာ ဘာမဆို ကိုယ်သဘောကျပေးမှာမို့လို့
မောင်ရှိတဲ့ အရပ်တိုင်းမှာ နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေ
မောင်က ကိုယ့်ရဲ့ပျော်ရွှင်မှုလေးမို့လို့ နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေကွယ်
ကိုယ့်တောင်းဆုနဲ့အေးချမ်းခြင်းတွေဟာ လေပြည်တွေနဲ့အတူ မောင့်ဆီ ရောက်ရှိသွားပါစေ
မောင့်ကို စသိကထဲက ပတ်သက်သမျှ ခံစားချက်တွေအားလုံးက ကိုယ့်ဘ၀ရဲ့ အမြတ်နိုးဆုံးအမှတ်တရတွေကြည့်ပါဘဲ
ကိုယ်အမြဲတမ်း ပြောနေကျစကားတစ်ခွန်းရှိတယ် မောင်မကြားနိုင်ခဲ့ပေမဲ့ပေါ့ ဒီနေ့လဲထပ်ပြောပါရစေ
ကိုယ်ကလေ မောင့်ကို အများကြီး အများကြီး အများကြီးကို ချစ်တယ်
သိပ်ချစ်ရတဲ့မောင်ရေ မွေးနေ့မှာ ပျော်ရွှင်ပါစေ
ဘယ်သူတွေကို ဘယ်လောက်သဘောကျကျ မောင့်ကိုအချစ်ဆုံးပဲဆိုတာသိတယ်မလား
တစ်နေ့ထက်တစ်နေ့ ငါ့ကိုယ်ငါ ပိုချစ်တတ်အောင် သင်ယူနေသလို မောင့်ကိုလဲ ပိုချစ်ဖြစ်အောင် ချစ်ပေးပါ့မယ်
ချစ်ကြောင်းတော့ တဖွဖွပြောမနေတော့ဘူးမောင် အပြုအမူတွေနဲ့ပဲ သက်သေပြမှာမို့ ငါ့ကိုတစ်သက်လုံးဘေးမှာထားပြီး စောင့်ကြည့်ပေးနော်

MaungWhere stories live. Discover now