သစ္စာဆူး၍ရူးရသည် အပိုင်း(20)
... ဘာပြောတယ် တီလေး ဂျောင်ကုကဟန်နာနဲ့ဟုတ်လား မဖြစ်နိုင်တာ...
...မားလဲပြောမတတ်တော့ပါဘူး သားထယ်ရယ်...
...အခု ဂျောင်ကုအိမ်မှာ မဟုတ်ဘူးပေါ့...
...ဟုတ်တယ် ဟန်နာအိမ်မှာ...
...ကျနော်လိုက်သွားမယ် တီလေး ဒီကောင်
ဘာမဟုတ်တာတွေ လိုက်လုပ်နေတာလဲ မသိဘူး......မနက်ကျမှသွားပါတော့ သားထယ်ရယ် ဒီမှာ သားဂျီလေးနိုးလို့သားကိုမတွေ့ရင် စိတ်ထိခိုက်နေဥိးမယ် ...
အဲ့တော့မှ ဂျီမင်းဘေးနားသွားပြိး ထိုင်ကြည့်နေလိုက်သည်
...မင်းကို သူစတာပဲ ဖြစ်ပါစေလို့ ငါဆုတောင်းနေတယ်ကွာ...
...သားဂျီလေးသနားပါတယ် ဘယ်လိုများလုပ်ရက်သလဲ စဥ်းစား လို့မရဘူးဂျောင်ကုကို...
..................
...ကိုကို အရမ်းခံစားနေရလား
ဟန်နာတောင်းပန်ပါတယ်ကိုကို......ရပါတယ် ကိုခံစားရမှာထက် ဂျီလေးကိုမခံစားစေချင်ဘူး...
...ဟန်နာ နားလည်ပါတယ် ဟန်နာပြောပြပေးချင်ပါတယ် ဒါပေမဲ့ ဟန်နာမပြောပါရစေနဲ့ ဟန်နာ ရှေ့ဆက်ဖို့ ကိုကိုရှိမှ ရမှာမို့လို့ပါ...
...ကိုနားလည်ပါတယ် ဒါပေမဲ့ ဟန်နာကို ကိုကိုက ညီမလေးတစ်ယောက်ထက်တော့မပိုနိုင်ဘူး...
...သိပါတယ် ဘယ်လိုပဲဖြစ်ဖြစ် ခုချိန် မှာ ဟန်နာဘေးမှာ ရှိနေပေးလို့ ကျေးဇူးတင်ပါတယ်...
...ရပါတယ်...
...ကိုကိုအတွက် ဟန်နာ အိပ်ယာပြင်ပေးမယ်နော်...
....အင်း...
ဂျောင်ကုသည် ဂျီရောက်လာပြိးကတည်းက
တခါမှတစ်ယောက်ထဲမအိပ်တတ်တော့တာ
ဒီညတော့မပါတော့ဘူးပေါ့
အခန်းထောင့်ရဲ့တစ်နေရာမှာအိပ်ပြိး
စောစောက ဖိနပ်တောင်မပါပဲပြေးထွက်သွားတဲ့ ကျနော့ရဲ့ချစ်ရတဲ့လူသားလေးပုံရိပ်ကိုသာ မျက်လုံးထဲ မြင်ယောင်ပြိး ကြိတ်ငိုမိတော့သည်
ကို့ရဲ့ အားနာပြိးသနားတတ်တဲ့စိတ်တွေကိုလဲ မုန်းနေမိတယ်