သစ္စာဆူး၍ရူးရသည် အပိုင်း(19)

621 51 8
                                    

သစ္စာဆူး၍ ရူးရသည် အပိုင်း(19)

...ဂျီ ...ကို ထယ်ဆီသွားလိုက်ဥိးမယ် အိပ်ငိုက်ရင်အိပ်လိုက်နော်...

...ဂျွန် သွားမှာက ကြာမှာမို့လား...

...မကြာပါဘူး ကိုအချစ်ကလေးအိပ်ငိုက်နေမှာစိုးလို့ပါ...

...အင်းပါ မစောင့်ပါဘူး လွတ်လွတ်လပ်လပ် တစ်ယောက်ထဲ အိပ်ရဖို့က မလွယ်ဘူးလေ...

...ဂျီနော် အတူတောင်မအိပ်ချင်တော့ဘူးလား...

...စတာပါ ဂျွန်ကလဲ...ကဲ သွားပါတော့ ဂျီလဲအခန်းထဲမှာပဲစောင့်နေတော့မယ်...

...အင်း...

ဂျောင်ကုလဲ အိမ်ထဲက ထွက်လာပြိး
ခြံတံခါးဖွင့်ဖို့လုပ်တော့ ပျာပျာ ပျာပျာနဲ့ ခြေသံဖော့ပြိးပြေးသွားတဲ့ဟန်နာ

ဒီအချိန်ကြိး ဘယ်ကိုသွားမှာလဲ တီလေးတို့ကလဲ လွတ်လိုက်တာလား ဒီအချိန်ကြိးကို

ဂျောင်ကုလဲ ထယ်ဆီသွားတဲ့ခြေလမ်းတွေက ဟန်နာနောက်ကို တိတ်တိတ်လေး နောက်ယောင်ခံလိုက်သွားတော့သည်

ဒီကောင်မလေး ချစ်သူများပြန်လာလို့သွားချိန်းတွေ့တာလား သူ့ချစ်သူ သွားတာမှ ၄လလောက်ပဲရှိသေးတယ် မဖြစ်နိုင်ပါဘူး ဒါဆိုရင်နောက်တစ်ယောက်နဲ့ များလား

အသာလေး မှောင်ရိပ်ခိုကာ လိုက်လာတော့
ဟန်နာသည် အဆောင်ထဲဝင်ပြိး အနောက် ရေကန်ဘက်ကို ဥိးတည်ကာသွားနေသည် တချက်တချက် ရှိုက်သံလေးလဲထွက်ထွက်လာသည်

သူငိုနေတာလား ပြိးတော့ဒီအချိန်ကြိး ဒီကိုလာရဲတာကကော ဘာအကြောင်းရှိလို့လဲကြည့်နေရင်းမှ မှိန်ပျပျလေးသာရှိတဲ့မိးရောင်အောက်မှာ ရေထဲ ခုန်ချလိုက်တဲ့ ဟန်နာကြောင့် ဂျောင်ကုလဲ ချက်ချင်း လိုက်ခုန်ချပြိး ဆင်းကယ်ရတော့သည်
တော်သေးတာပေါ့ ကျနော်လိုက်လာလို့ မလိုက်ခဲ့မိရင်
ဘုရားဘုရား ဟန်နာကို မြေပြင်ပေါ်ပစ်ချကာ ဒေါသတွေလဲ ထွက်ပြိး

...ဟန်နာ ဘာလို့အဲ့လိုလုပ်တာလဲ ရူးနေလား...

...ကိုကို ဟန်နာသေမှရမှာ ကိုကိုက ဘာလို့ ရောက်လာတာလဲ...

သစ္စာဆူးလို့ ရူးရသည်Hikayelerin yaşadığı yer. Şimdi keşfedin