🌻-(2)

765 61 7
                                    


အမလေး ကျောင်းနောက်ကျနေပြီ ဒီတစ်ခါထပ်မိရင် မိဘအခေါ်ခံရတော့မှာ ရတယ်လေ နောက်ပေါကခိုးတက်ရမယ် ချွဲဘောမ်ဂယူးကြံရင်ဘာမှဆို ဖြစ်ကိုဖြစ်ရမယ်။

နံရံပေါ်ကိုတွယ်ကပ်ပြီးတက်နေသော ဘောမ်ဂယူးကို ဆူဘင်းမြင်တော့ မနေနိုင်လို့ကားထဲကနေထွက်လာသည်။

"ဘောမ်ဂယူးရေပြုတ်ကျမယ် အောက်ပြန်ဆင်းလာခဲ့"

နံရံမှာတွဲလောင်းဖြစ်နေတဲ့ ဘောမ်ဂယူးကို ခါးကဖက်ပြီးပြန်ဆွဲချသည်။

"ဒီတစ်ခါထပ်မိရင် မိဘအခေါ်ခံရတော့မှာ အရေးပေါ်အခြေအနေဖြစ်နေပြီ ဆူဘင်းရဲ့"

"ငါ့နဲ့လိုက်ခဲ့ ဂိတ်ရောက်ရင် ခေါင်းနဲနဲငုံ့ထားငါ့အိမ်ကကားဆို ဘာမှဖြစ်မှာမဟုတ်ဘူး ငါလည်းဒီနေ့ အိပ်ယာထနောက်ကျသွားလို့ ကျောင်းနောက်ကျနေတာ"

"‌ေလာကကြီးက သနားစရာချွဲဘာမ်ဂယူးကို ဒီအတိုင်းကြည့်မနေဘူး ကယ်တင်ရှင် နတ်သားလေးကိုစေလွှတ်လိုက်တာပဲ"

"အပိုတွေလုပ်မနေနဲ့ "ပါးချိုင့်လေးတွေပေါ်အောင်ပြုံးလိုက်ပြီး ငမွှေထိုးသူငယ်ချင်းကိုခေါ်လာသည်။

"တော်ပါသေးရဲ့ ငါ့ကိုမမြင်လို့"

"အစ်ကိုလေးဆူဘင်း ညနေ စာကျက်ဝိုင်းမှာပဲလာကြိုရမှာလား"

"လာမကြိုနဲ့တော့ ဦးလေးရေ ကျွန်တော်ခေါ်သွားမှာ လေးလေးချွဲတို့ကိုခွင့်တောင်းပြီးပြီ"

driver ဦးလေးရဲ့အမေးကို ဆူဘင်းကိုစောင့်နေသော ချွဲယောန်ဂျွန်းက ဝင်ဖြေသည်။

"ကိုကို"

"နောက်ကျလိုက်တာ Bin ရယ် ကိုယ်စောင့်နေတာကြာပြီ"

"ဆူဘင်းရေ ငါသ‌ွားနှင့်ပြီနော်"

"အင်း ဘောမ်ဂယူး ‌ငါနောက်ကလိုက်လာခဲ့မယ်"

ဆူဘင်းကိုနှုတ်ဆက်ပြီး ဘောမ်ဂယူးအရင်ထွက်လာခဲ့သည်။ ယောန်ဂျွန်းဟျောင်းကိုတော့ ပြုံးပဲပြလိုက်သည်။ဟျောင်းကလေ အမြဲကြည့်ကောင်းနေတာ စာလည်းတော် ရုပ်လဲချော perfectပဲ။ သူလိုလူနဲ့လူတိုင်းကရင်းနှီးချင်ကြတာပဲ မဟုတ်ဘူးလား။

Love in the Criminal {Completed}Where stories live. Discover now